ရှောင်းကျန့်ကို အရမ်းအံ့ဩနေတာနဲ့ ဘာမှတောင် သေသေချာချာ မပြောလိုက်ရဘူး အခု သူတို့လက်ထဲမှာ ရှောင်းကျန့်ထည့်ပေးသွားတဲ့ စာအိတ်လေးရှိနေတာမို့ ရိပေါ်ကို မျက်နှာချင်းဆိုင်ပြီး သွားပေးရမယ်
"မောင် ငါတို့ ရိပေါ်နဲ့ မျက်နှာချင်းဆိုင် ပြောပြီး သွားပေးရမယ် မြန်မြန်လုပ် အဝတ်အစားလဲ "
"အင်း မောင်လည်း အဲလိုပဲစဉ်းစားထားတယ် ချစ်ရန် (ဟောက်ရွှမ်းက ချစ်စနိုးနဲ့ ကျိရန်ကို ချစ်ရန်လို့ခေါ်တာပါ) ရိပေါ်က ဘာလို့ ပွင့်ပွင့်လင်းလင်း မတိုင်ပင်သလဲ စဉ်းစားလို့ကို မရဘူး ဒီကောင့်ကို မျက်နှာချင်းဆိုင် သေချာပြောရမယ် မောင် အဝတ်လဲလိုက်ဦးမယ် ချစ်ရန် က ရိပေါ်ကွန်ဒိုဆီလိုက်ခဲ့ဖို့ ဟိုကောင်တွေ ဖုန်းဆက်လိုက်နော်"
ဒီလို သူငယ်ချင်းတွေ ဆုံပြီး ရိပေါ်ဆီလိုက်သွားကြပါတယ်
"ရိပေါ် ရှောင်းကျန့်က မင်းကို စာအိတ်လေးပေးသွားလို့ ငါတို့လာပေးရင်းနဲ့ မင်းနဲ့လာရှင်းတာ"
(ရှောင်းကျန့်ပေးသွားတဲ့ စာအိတ်လေးပါနော် တန်ဖိုးထားရေးပြီး တန်ဖိုးရှိရှိလေးပေးသွားတာပါ ရှောင်းကျန့်က )
ရိပေါ်ရဲ့ နှလုံးသားလေးက စာကိုယူလိုက်ချင်ပါတယ် ဖတ်ချင်ပါတယ် ဒါပေမယ့် ဦးနှာက်ကတော့ မဖတ်သင့်ဘူးလို့ မထိသင့်တော့ဘူးလို့ ဆုံးဖြတ်ပြီး
"ငါ မဖတ်ချင်ဘူး သူ့ကြောင့် ဇောက်ထိုးမိုးမျှော် ဖြစ်နေတဲ့ဘဝကို ပြင်ဆင်ဖို့ မနည်းလုပ်ထားတာ အခုမှ အနည်ထိုင်ချင်သလို ဖြစ်နေတာကို ငါ့ဘဝကို လာမမွှေနဲ့တော့"
YOU ARE READING
Whatever You Are
Fanfictionတကယ့် ဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို Yizhan Version လေးနဲ့ စိတ်ကူးလေးတွေ ဖြည့်စွက်ပြီး ရေးထားတာပါ အချစ်က - တားဆီးလို့မရတဲ့အရာ - ကန့်သတ်လို့မရတဲ့အရာ - ထိန်းချုပ်လို့ မရတဲ့အရာ တစ်ခုပါ အချစ်က အချစ်ပါပဲဆိုတာ တကယ်ပြသနိုင်တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းမို့ပါ ယုံ...