YOonKOok-Layer

838 93 96
                                    

ZAWGYI

အထူးသတိပေးချက်!! !! ဤဇာတ်လမ်းသည် ကျွန်ုပ်၏ စိတ်ကူးယဉ်ဇာတ်လမ်း တစ်ပုဒ်သာဖြစ်သည်...မည်သည့်အနုပညာရှင်! မည်သည့်အတွဲ! မည်သည့်ထောက်ခံသူတို့ကိုမျှ ပုတ်ခတ်စော်ကားလိုစိတ်! မဟုတ်မမှန်ဟု စွပ်စွဲလိုစိတ်များ မရှိသည်ကြောင့် အခြားသော ထောက်ခံသူတို့တွင် အစွဲရှိသူများ ပါဝင်ပါက ဤဇာတ်လမ်းအား ဖတ်ဖို့ရာမသင့်ပါ...မည်သည့်အတွဲကိုမှ ထည့်ဝင်ဗီလိန်ဆန်စေခြင်းများ မပါဝင်သော်လည်း ယခုအောင်မြင်နေသော အဖွဲ့အနေနဲ့သာ ပုံဖော်ထားသည်ဖြစ်၍ တချို့သော အစွဲအလန်းကြီးသူများသည် သူ့ကိုသူနဲ့မှ...သူတို့အတွဲကသာ စစ်မှန်တာဟု ဆန်တက်ချင်ကြသည်များ ရှိသည်အား ကြုံဖူးခြင်းကြောင့် သတိပေးခြင်းဖြစ်ပါသည်...လေးစားသဖြင့်...လူတိုင်းသည် ကိုယ့်ယုံကြည်ရာနှင့်ကိုယ်...။

TRIPLE-D OF YOONKOOK_LAYER

အနီးနားမှာ သူ့အရိပ်လွှာ...
မြင်နိုင်ပါရက် လွှဲခဲ့လျက်...
ကျောခိုင်းမိတာ ရင်နာနာနဲ့...
အသည်းပွတ်နှလုံး အုန်းအုန်းကွဲသည်...
ဤအလွှာလေးဝယ်တော့ မြဲစေသော်... ၊

အလင်္ကာငယ်သည်က ရိုးရိုးရှင်းရှင်း...
အဓိပ္ပါယ်အစုံအလင်ကို ဖွင့်ရရင်တော့ ပထမဆုံးသော စာကြောင်းလေးသည်မှစ အဆုံးသတ်ပုဒ်ကလေးအထိ ရင်နာစရာလေးများသည် တွယ်ငြိလျက်ရှိ၏...

စာလုံးတွေနှင့် အလင်္ကာကို ပြန်ရှင်းမည်...နားလည်ရုံလေးနှင့် ပြီးသွားမည်ဖြစ်သည်...ခံစားခဲ့ရသူတို့ နှလုံးသားအား မြင်အောင်တော့ ကြည့်လိုက်နိုင်မည်မဟုတ်...သို့ဖြစ်ပါ၍ စာလုံးလေးတွေနှင့် ရှင်းလိုက်မည့်အစား ဤအဖွင့်လေးအား ဖြစ်ရပ်တို့နှင့် ပြန်လည်ဖြေပြမည်...

ဋီကာတွေသည် လှပသော်ငြား နာစရာတွေသည် အကျည်းတန်စွာဖြင့် ~

>> D (OR ) JEOND <<

မြတ်နိုးတာပါတဲ့...
စာလေးတွေကိုတွေ့တိုင်း ယုန်သွားလေးတွေ ပေါ်အောင်အထိ သူဆိုတာလေးက ရယ်နေခဲ့တယ်...
အသည်းယားလိုက်တာတဲ့...
အီမိုဂျီလှလှလေးတွေကိုတွေ့တိုင်း နှာပွပွလေးကိုရှုံ့ပြီး သူဆိုတာလေးက ထပ်ရယ်နေခဲ့ပြန်တယ်...
အားငယ်တယ်တဲ့...
စိတ်မကောင်းစရာ ပုံလေးတွေကိုတွေ့တိုင်း သက်ပြင်းလေးတချချနဲ့ သူဆိုတာလေးက ထပ်တူဝမ်းနည်းပေးခဲ့တယ်...

YOonKOok-Layer [ FICTION ]Where stories live. Discover now