စာမေးပွဲ ပထမနေ့ ဒုတိယနေ့ ကစလို့ နောက်ဆုံးနေ့အထိလျောလျောလျူလျူပါပဲ။
သိပ်အဆင်ပြေတာက သင်္ချာ။
အစကတည်းက သင်္ချာဆရာနဲ့အဆင်မပြေတာမို့အတန်းထဲရှိမနေတတ်လို့ နားမလည်တာအနည်းငယ်ရှိခဲ့သည်။မုန်းစရာကောင်းတဲ့သင်္ချာကိုကျိန်ဆဲချင်ပေမယ့်လည်း သင်္ချာချိန်အတန်းလစ်ရင်းပဲ အာဆာဟိနှင့်ဆုံဆည်းခဲ့တာကြောင့်ကျေးဇူးတင်မိပြန်သည်။စိတ်ပူတတ်သည်မှာယွန်းဂျယ်ဟော့ပုံစံမဟုတ်ပေမယ့်အနည်းငယ်စိတ်ပူနေမိသည်။
အဆင့်မကောင်းလျှင် အာဆာဟိငြင်းမှာကြောက်ပါသည်။"ဂျယ်ဟော့ ဒီနေ့ငါ့ကိုအပြင်လိုက်ပို့ပေးမယ်မလား"
"ဒါပေါ့ မင်းဘယ်သွားချင်လဲ"
"မသိဘူးလေ မင်းလိုက်ပို့တဲ့နေရာသွားမှာပေါ့"
"ဒါဆို နေရာအစုံလိုက်ပို့ပေးမယ်ဟုတ်ပြီလား"
ခေါင်းလေးပုတ်ကာဆိုလိုက်ပြန်တော့ ကလေးငယ်တစ်ယောက်လိုဖြူစင်စွာပြုံးပြပြန်တယ်။
နှစ်ယောက်လုံး တစ်နေကုန် လျှောက်လည်နေပေမယ့် မောပန်းတယ်လို့မရှိခဲ့ပါဘူး။တစ်ခါမှမလုပ်ဖူးတာတွေကို အာဆာဟိနဲ့အတူဖန်တီးကြည့်တော့သိပ်ကိုပျော်စရာကောင်းခဲ့တာပဲ။အရင်ကရုပ်ရှင်ရုံမှာနှစ်ယောက်တွဲထိုင်ဖို့စိတ်မကူးမိခဲ့သလို ခေါက်ဆွဲတစ်ပန်းကန်ကိုနှစ်ယောက်တည်းမစားဖူးဘူး။ဘတ်စ်ကားပေါ်မှာနှစ်ယောက်တွဲမထိုင်ဖူးခဲ့သလို နားကြပ်တစ်စုံကိုတစ်ဖက်စီတပ်ခဲ့တာမျိုးလည်း သူနဲ့ကျမှလုပ်ဖူးထားမျိုးပေါ့။တစ်ချိန်တည်းမှာနားလည်မိတာက ဘဝရဲ့အမှတ်တရဆိုတာဒီလိုမျိုးပါလားဆိုပြီးတော့လေ။
"ဂျယ်ဟော့ ဒီနေ့ကငါ့မွေးနေ့လေ"
မှောင်စပြုနေပြီဖြစ်သော အိမ်အပြန်လမ်းတွင် တိတ်ဆိတ်နေသောပတ်ဝန်းကျင်ကို စတင်ဖြိုခွဲလိုက်တဲ့ အာဆာဟိရဲ့အသံ။
"မင်းဘာလို့အခုမှပြောရတာလဲ ငါလည်းဘာမှမစီစဉ်ပေးခဲ့ရဘူး ပြီးတော့မွေးနေ့လက်ဆောင်လည်းမဝယ်ခဲ့ရဘူးလေ"
"အခုပေးပြီးပြီလေ"
"ဘယ်မှာလဲ ငါဘာပေးခဲ့လို့လဲ"
YOU ARE READING
A DIARY THAT COME TO LIFE
FanfictionDiaryလေးတစ်အုပ်ရှိတယ် ပထမဆုံးစာမျက်နှာကိုမင်းအကြောင်းတွေနဲ့ပဲစပြီး နောက်ဆုံးစာမျက်နှာအထိမင်းအကြောင်းတွေနဲ့ပဲအဆုံးသတ်မယ်