"သားငယ်ရေအောက်မှာသူငယ်ချင်းတွေရောက်နေပြီးး"
ဒေါ်မီမေမှာအပေါ်ထပ်ကနေအခုထိမဆင်းလာသေးတဲ့သားဖြစ်သူကအော်ပြောရသည်။
"ခနလေးမေမေရေ"
"ကျွန်တော်တို့တက်သွားလိုက်မယ်အန်တီ"
"အင်းးသားတို့"
အပေါ်ထပ်တက်သွားပြီးအခန်းထဲဝင်သွားလိုက်တာနဲ့ကုတင်ပေါ်မှာအကျီတွေတင်ကာတစ်ထည်ပြီးတစ်ထည်ကြည့်နေတဲ့သူတို့သူငယ်ချင်းလင်းနေငယ်ကိုတွေ့လိုက်ရသည်။
"လင်းနေ....အခုထိမပြီးသေးဘူးလားကွာ"
"ပြီးတော့မှာပါကွာ.....မင်းတို့ကအခုမှတက္ကသိုလ်စတက်မှာဆိုတော့ပြင်နေလို့ပါကွာ"
"အေးးပြင်ပြင်"
ကျွန်တော့်နာမည်ကတော့လင်းနေငယ်။ငယ်ငယ်ကတည်းကပေါင်းလာတဲ့မင်းသီနဲ့ဝဏ္ဏဆိုတဲ့သူငယ်ချင်းနှစ်ယောက်ရှိတယ်။ဒီနေ့ကလင်းနေတို့ရဲ့ပထမဆုံးတက္ကသိုလ်တက်မဲ့ရက်လေ...အဲ့ကြောင့်ပြင်နေတာကိုဒီနှစ်ကောင်ကအလိုက်ကိုမသိဘူးး။
"မပြီးသေးဘူးလားဟ"
"ပြီးပါပြီးဟာ...လာလာသွားမယ်"
"အေးးး"
လင်းနေမေမေ့ကိုနှုတ်ဆက်ပြီးတာနဲ့ဟိုနှစ်ကောင်ကိုခေါ်ပြီးထွက်လာခဲ့လိုက်တယ်။မင်းသီကတော့ရောက်တာနဲ့
"ပြေးရအောင်...နောက်ကျနေပြီးး"
"အရူးရယ်...မနောက်ကျပါဘူးဆို"
"လုပ်ပါ...ငါတစ်ခါလောက်တက္ကသိုလ်ဝင်းထဲမှာပြေးချင်တာ"
လင်းနေ..မင်းသီပြောတဲ့စကားလည်းကြားရော
"အေးးပြေးကြည့်ရအောင်ပထမဆုံးတက္ကသိုလ်တက်တဲ့အမှတ်တရပေါ့"
"အင်းးးငါ..တစ်..နှစ်..သုံးစရေမယ်"
"အေးးးး"
"တစ်.....နှစ်.....သုံးးးပြေးတော့"
"ဟားဟားးးးးးးးးး"
လင်းနေမင်းသီကိုစရင်းပြေးနေရင်းနဲ့အကွေ့တစ်နေရာကနေထွက်လာတဲ့လူတစ်ယောက်နဲ့တိုက်မိသွားတယ်။