နှလုံးသား၌တည်ရှိစေသား....❤️❤️❤️

1.3K 101 23
                                    

"ပုံပြင်တွေကိုယုံလားမင်...."

"ပုံပြင်?
ပုံပြင်ဆိုတာတကယ်ရှိလို့လားဂျွန်ယောင်း?"

"ရှိတာပေါ့မင်ရာ...."

"ဟုတ်လို့လား?"

"မင်နားထောင်မလား?"

"ပြောပြလေဂျွန်ယောင်း..."

"ဂျွန်လို့ပဲခေါ်လို့ပြောထားတယ်လေမင်ရာ.."

"မခေါ်ချင်ပါဘူး။မင်းနာမည်ကလချွဲဂျွန်ယောင်းလေ
ပြီးတော့ငါ့ကိုမင်လို့မခေါ်နဲ့ဂျွန်ယောင်း...
ငါအဲ့နာမည်ကိုကြားရင်
ငါ့ရင်ဘတ်ထဲမှာတစ်မျိုးကြီးပဲ..."

"ဟူး...
ငါအခုပြောပြမယ့်ပုံပြင်ကိုသေချာနားထောင်ပေးမင်
ပြီးမှကြိုက်သလိုပြောပါ။"

"......"

ပုံပြင်တွေအကြောင်းပြောပြမယ်မင်.....
ပုံပြင်လေးကဒီလိုစတယ်.....

လွန်ခဲ့သောနှစ်၃ခန့်က.....

"သားဂျီရေ....!
သားဂျီ....
ဒီမှာသားသူငယ်ချင်းထယ်နဲ့‌ဂျွန်ရောက်လာပြီ။
ကျောင်းနောက်ကြနေပြီလေမပြီးသေးဘူးလား?
ဒီကလေးကတော့...!"

အောက်ထပ်ကမာတာမိခင်ရဲ့
အသံချိုချိုကြောင့်ပတ်ဂျီမင်းတစ်ယောက်
ကျောင်းလွယ်အိတ်ကိုမြန်မြန်လွယ်ကာ
အောက်ထပ်သို့ဆင်းလာရတော့သည်။

"လာပါပြီမေမေရဲ့။
စောပါသေးတယ်။"

"ဘယ်နှယ့်စောရမှာလဲ?
ကျောင်းက၉နာရီဆိုတတ်ပြီလေ
အခုပဲ၈နာရီထိုးနေပြီ။"

"ဟုတ်ပါပြီမေမေရာ...
သွားကြရ‌အောင်ထယ်နဲ့ဂျွန်ရာ..."

"ဟ...နေပါဦး
မနက်စာမစားတော့ဘူးလား?"

"မစားတော့ဘူးဂျွန်..."

"ဟဲ့သားဂျီ။
မနက်စာတော့စားသွားလေ။
မေမေဆူလိုက်တာနဲ့ပဲ
မနက်စာမစားတော့ဘူးလို့မပြောနဲ့နော်။"

"မဟုတ်ပါဘူးမေမေ။
သားကျောင်း‌ကန်တင်းမှာပဲ
စားလိုက်တော့မယ်"

"အော်အေးအေး။
မုန့်ဖို့ယူဦးမလားသားဂျီ။"

"သားမှာရှိတယ်မေမေ။
သားတို့သွားတော့မယ်နော်။ ။"

ချစ်ရသောတစ်ချိန်ကပုံပြင်💔(Oneshort)Where stories live. Discover now