"ပုံပြင်တွေကိုယုံလားမင်...."
"ပုံပြင်?
ပုံပြင်ဆိုတာတကယ်ရှိလို့လားဂျွန်ယောင်း?""ရှိတာပေါ့မင်ရာ...."
"ဟုတ်လို့လား?"
"မင်နားထောင်မလား?"
"ပြောပြလေဂျွန်ယောင်း..."
"ဂျွန်လို့ပဲခေါ်လို့ပြောထားတယ်လေမင်ရာ.."
"မခေါ်ချင်ပါဘူး။မင်းနာမည်ကလချွဲဂျွန်ယောင်းလေ
ပြီးတော့ငါ့ကိုမင်လို့မခေါ်နဲ့ဂျွန်ယောင်း...
ငါအဲ့နာမည်ကိုကြားရင်
ငါ့ရင်ဘတ်ထဲမှာတစ်မျိုးကြီးပဲ...""ဟူး...
ငါအခုပြောပြမယ့်ပုံပြင်ကိုသေချာနားထောင်ပေးမင်
ပြီးမှကြိုက်သလိုပြောပါ။""......"
ပုံပြင်တွေအကြောင်းပြောပြမယ်မင်.....
ပုံပြင်လေးကဒီလိုစတယ်.....လွန်ခဲ့သောနှစ်၃ခန့်က.....
"သားဂျီရေ....!
သားဂျီ....
ဒီမှာသားသူငယ်ချင်းထယ်နဲ့ဂျွန်ရောက်လာပြီ။
ကျောင်းနောက်ကြနေပြီလေမပြီးသေးဘူးလား?
ဒီကလေးကတော့...!"အောက်ထပ်ကမာတာမိခင်ရဲ့
အသံချိုချိုကြောင့်ပတ်ဂျီမင်းတစ်ယောက်
ကျောင်းလွယ်အိတ်ကိုမြန်မြန်လွယ်ကာ
အောက်ထပ်သို့ဆင်းလာရတော့သည်။"လာပါပြီမေမေရဲ့။
စောပါသေးတယ်။""ဘယ်နှယ့်စောရမှာလဲ?
ကျောင်းက၉နာရီဆိုတတ်ပြီလေ
အခုပဲ၈နာရီထိုးနေပြီ။""ဟုတ်ပါပြီမေမေရာ...
သွားကြရအောင်ထယ်နဲ့ဂျွန်ရာ...""ဟ...နေပါဦး
မနက်စာမစားတော့ဘူးလား?""မစားတော့ဘူးဂျွန်..."
"ဟဲ့သားဂျီ။
မနက်စာတော့စားသွားလေ။
မေမေဆူလိုက်တာနဲ့ပဲ
မနက်စာမစားတော့ဘူးလို့မပြောနဲ့နော်။""မဟုတ်ပါဘူးမေမေ။
သားကျောင်းကန်တင်းမှာပဲ
စားလိုက်တော့မယ်""အော်အေးအေး။
မုန့်ဖို့ယူဦးမလားသားဂျီ။""သားမှာရှိတယ်မေမေ။
သားတို့သွားတော့မယ်နော်။ ။"
YOU ARE READING
ချစ်ရသောတစ်ချိန်ကပုံပြင်💔(Oneshort)
Fanfic*ပုံပြင်တွေကိုမယုံဘူးဂျွန်... ဒါပေမယ့်ပုံပြင်ထဲကမင်းကိုတော့ငါယုံတယ်။*