Final 😘

17.8K 440 61
                                    

uni

ထီလည်းအရိုက်ခံရတာမို့မေ့လဲ
ခနအကြာခေါင်းမှ နာကျင်မှုနဲ့ အတူ
နိုးထလာရသည်

လေတွေတစ်ဖြူးဖြူးတိုက်နေပြီး လက်နှစ်ဖက်အားကြိုးတုတ်ခံထားရသည် မျက်လုံးဖွင့်ကြည့်တော့အမြင်အာရုံ
ဝေဝါးနေတာမို့ မှိတ်လိုက်ဖွင့်လိုက် လုပ်လိုက်ရသည် အမြင်အာရုံကြည်သွားတော့ ရောက်နေတဲ့နေရာဟာခေါင်မိုးထပ်ဖြစ်ပြီး မျက်စိရှေ့မှာ လူသုံးရောက် ကိုကို ex ရယ် ကိုကိုရယ်
ရောင်စဥ်ရယ်

ကိုကိုက ကို ရောင်စဥ်ကချုပ်ထားတယ် ကိုကို့ပုံစံက ဘာလို့ပျော့ဖတ်နေရတာလဲ

"အော် အော် နိုးလာပြီကိုး "

"ခဗျားတို့ဘာလုပ်တာလဲ လွှတ်စမ်း ကိုကို ကို"

"လွှတ်ပေးမှာပါ အောက်ကိုလေ"

"ခဗျားမလုပ်နဲ့နော် ကိုကို က ခဗျားချစ်တဲ့သူမှတ်လား ချစ်တဲ့ သူကိုသတ်မလို့လား"

ထီလည်းပြောလည်းပြော လက်ကကြိုးကိုလည်းဖြီနေမိသည်

"ဟားးဟားးဟားး ဟုတ်တာပေါ့ သိပ်မှန်တယ် ငါမောင့်ကိုသိပ်ချစ်တာ
ဒါပေမယ့် အခုဘဝမှာမောင့်ကိုမှ မပိုင်ဆိုင်နိုင်တော့ပဲ နောက်ဘဝမှာ တော့
ငါမောင့်ကို ပိုင်ဆိုင်နိုင်အောင်လုပ်မလို့လေ"

"မလုပ်နဲ့ ရောင်စဥ် ကိုကို ကိုလွှတ်ပေးမင်းတို့ဘာလုပ်ထားတာလဲ"

"မလွှတ်ပေးနိုင်ဘူးသာထီ ငါမင်းကိုမပိုင်ဆိုင်ရရင်သူလည်းမပိုင်ဆိုင်ရဘူး
သူက အရိုးပျော့ဆေးအထိုးခံထားရတာလေ"

"မောင်နဲ့မ နောင်ဘဝမှာအတူနေကြမယ်နော်"

ပိုင် မောင့်မျက်နှာလေးကိုင်ကာပြောမိသည် ထို့နောက် အစွန်းမှာရပ်ကာ
မောင့်လက်လေးကိုင်ထားပြီး

"ရောင်စဥ် ငါလွှတ်လို့ပြောတာနဲ့ မောင့်ကိုလွှတ်ချလိုက်"

ဒုန်း ဒုန်း ဒုန်း

ဒက်စ်တို့ အဖွဲ့ ခေါင်မိုးထပ်တံခါးအား ဖွင့်နေကြချင်းသည်

"လွှတ်ချလိုက်တော့"

"ကိုကို!!"

~~~~~~~~~~~~~~~~~~~~~~~~~~~~

<~~ထီ~~>Where stories live. Discover now