တီတီ....တီတီ.....တီတီ.....
အိပ်ရာဘေးက စားပွဲခုံလေးပေါ်က နာရီလေးက အဆက်မပြတ် မြည်နေခဲ့တယ်။
ခြူးဟာ အိပ်ပုတ်ကြီးတဲ့ ကောင်မလေးဖြစ်သည့် အားလျော်စွာ ထိုဆက်တိုက်မြည်နေသော နှိုးစက် အသံကိုပင် မကြားခဲ့ပါ။ခြူး ရုတ်တရက် လန့်နိုးလာပြီ နာရီ
ကြည့်လိုက်မိတော့ အချိန်က ၉နာရီထိုးဖို့ ၅ မိနစ်အလို"ဟာ သွားပြီ နောက်ကျနေပြီ စောက် နှိုးစက်ကလည်း ဘာလို့မမြည်လည်းမသိဘူးဟာ ဒီနေ့က ဆရာ့အချိန် ရှိလို့ နောက်ကျလို့မရပါဘူးဆိုနေမှကွာ
အားးးး ရူးချင်တယ်"ခြူးတစ်ယောက် အော်ဟစ်နေရင်းနဲ့ ပင်
ရေချိုးခန်းထဲသို့ ဝင်သွားတော့တယ်မျက်နှာအပြေးအလွှားသစ်ကာ ပြန်ထွက်လာပြီး
အင်္ကျီမလဲဘဲ အနွေးထည်ကောက် စွပ်ပြီး
ပြေးထွက်လာခဲ့တယ်။ အတွင်းခံဝတ်ထားလား မဝတ်ထားလားပင် သတိမထားမိလောက်အောင်ကို
ပြာယာခတ်နေတော့သည်။သူမ စာသင်ခန်းရှေ့ရောက်တော့ ဆရာဟာ
စာသင်ဖို့ရောက်နေခဲ့ပြီ။ ဆရာဟာ အချိန် မလေးစားတာကို အမုန်းဆုံးဖြစ်သည်။ခြူးလည်း မျက်နှာကို အညှိုးငယ်ဆုံး အနေအထား
ပြင်လိုက်ပြီး ဝင်ခွင့်တောင်းလိုက်တယ်။
ထိုအခါ ဆရာ့မျက်ဝန်းတွေမှာ အလိုမကျမှု
အရိပ်အယောင်များဖြင့် ပြည့်နှက်နေကာ
မျက်မှောင်ကျုံ့ထားကာ ခြူးဘက်သို့
လှည့်လာခဲ့သည်။
ထို့နောက် ဆရာက ခြူးအား ခေါင်းအစခြေအဆုံး
ခြုံငုံကြည့်ကာ စကားတစ်ခွန်းအားပြောလေသည်"ဒီနေ့ အတန်းထဲဝင်ဖို့ မစဉ်းစားနဲ့ နားနေခန်းထဲမှာ သွားပြီး လက်မြှောက်ထား"
ဆရာ အဲ့လိုပြောလိုက်တဲ့အချိန်မှာ အတန်းထဲက ကျောင်းသားအားလုံးကြောင်သွားသလို
ခြူးကိုယ်တိုင်လည်း ကြောင်အသွားတယ်
'ဆရာ ဘာလို့ အရမ်းပြောင်းလဲသွားရတာလဲ'
ခြူးလည်း ဆရာပြောတဲ့အတိုင်း ဆရာ့အတွက်
သီးသန့်လုပ်ထားတဲ့ နားနေခန်းလေးထဲသို့ ဝင်ကာ
လက်မြှောက်ပြီး ရပ်နေဖို့ ပြင်လိုက်ပေမယ့်
ဆရာ့အခန်းကို ဆရာက လွဲပြီး ဘယ်သူမှ
ဝင်ခွင့်မရှိတာကို သတိရသွားပြီး လွယ်အိတ် ချွတ်ကာ ဆရာ့စားပွဲမှာ မှောက်ပြီးသွားအိပ်နေလိုက်တယ်။
YOU ARE READING
Me and my handsome Teacher
Romanceအခု fic က လည်း mature on ပါပဲ ဒါပေမယ့် ဒီဟာက ဇာတ်လမ်းဇာတ်ကွက်လေးတွေ ပါမယ်ပေါ့နော် အချစ် အရို တစ်လိုင်းလေးပါ 20+ အခန်းတွေလည်း အများကြီးပါအောင်ရေးပေးပါမယ် *Uptade ကတော့ သေအောင်ကြာတတ်ပါတယ်*