ကျောင်းဝန်းထဲကိုဝင်ချလာတဲ့ကားအနက်ရောင်တစ်စီးကြောင့်ဆော့ဂျင်မျက်ခုံးတွေတွန့်ချိုးကုန်တယ်.ကားကိုအကြမ်းပတမ်းမောင်းတယ်.
ကားပေါ်ကလူရုပ်ကတစ်လောကလုံးသူ့လုပ်စာစားနေတဲ့ရုပ်နဲ့.
လာကြိုက်တဲ့မိန်းကလေးတွေကိုလည်းမတူသလိုမတန်သလိုပြန်ဆက်ဆံတယ်.
မိဘကပိုက်ဆံရှိတိုင်းမာနထောင်လွှားနေတဲ့သူဌေးသားတွေဆော့ဂျင်အမြင်ကပ်မိတယ်.
ဒီကျောင်းသားနဲ့ဆရာလေးဆော့ဂျင်က.တကယ့်ရန်ဘက်
ကျောင်းကအပြန်ဆော့ဂျင်အပြင်ထွက်လာတော့ကားအနက်ရောင်တစ်စီးကအရှိန်ပြင်းပြင်းနဲ့မောင်းချလာတာမလို့ရှောင်ရန်ပင်အချိန်မရလိုက်..
သို့သော်ကားကရပ်လိုက်တာမို့ဆော့ဂျင်လန့်ကာထိုင်ချမိရုံကလွဲရင်ဘာဒဏ်ရာမှမရ.
ကားပေါ်ဆင်းလာတဲ့လူရုပ်ကမျက်နှာရှစ်ခေါက်ချိုးနဲ့ကျစ်စုပ်သက်ကာသူ့ကိုမခန့်လေးစားကြည့်တယ်..
" ဘာလဲ..လမ်းကိုကြည့်မလျှောက်ဘူးလား..
မျက်စိမပါတာလား.. "" ဘလို.မင်းးး. "
" အော်.ဒါမှမဟုတ်.ဇာတ်လမ်းဆင်တာလား. "
" ငါကမင်းလိုသူဌေးသားမျိုးကိုစိတ်မဝင်စားဘူး.. "
" ဒီကသူဌေးသားပတ်ခ်ဂျီမင်ကလည်းဂရုမစိုက်ပါဘူးနော်. "
" ဘဝင်ရူး. "
" ဘလို..တောက်ခ်.ခင်ဗျားကတော့.. "
စိတ်ပျက်စရာဘဝင်ရူးသူဌေးသားတွေ..
ဒီနေ့သူငယ်ချင်းဆရာတစ်ယောက်ကသူခရီးသွားရမှာမို့သူguideလုပ်နေတဲ့အိမ်မှာသူ့အစားတစ်ပတ်လောက်သွားသင်ပေးဖို့အကူအညီတောင်းတာကြောင့်ဆော့ဂျင်လာခဲ့သည်.
ဦးလေးကြီးပြတဲ့အခန်းထဲကိုစာသင်ရန်ဝင်လာတော့စာရေးစားပွဲပေါ်တွင်gameစော့နေတဲ့အကောင်ကြောင့်ဆော့ဂျင်ဒေါသတွေအလိတ်လိုက်ထွက်ရပါတယ်.
YOU ARE READING
Rich Boy💵
Fanfiction" ငါကမင်းလိုသူဌေးသားမျိုးကိုစိတ်မဝင်စားဘူး. " " ဒီကသူဌေးသားပတ်ခ်ဂျီမင်းကလည်းဂရုမစိုက်ပါဘူးနော်. " . #2-Jinmin~~6.1.2023