{ part 13 }

485 53 11
                                    

#Unicode

ဟီဆွန်း ဒီနေ့အလုပ်စဆင်းရမှာမို့ ရင်တုန်နေမိသည် သူနဲ့တွေ့တဲ့အခါ သူ့ဘက်မှတုန့်ပြန်မှု့ကိုသိချင်ပါသည်

" သား အဆင်ပြေသွားမှာပါ ''

" ဟုတ်ကဲ့ ဒါဆိုသားသွားပီနော် ''

" အေးအေး "

စိတ်ကိုအသင့်ပြင်ဆင်ကာ ကုမ္ပဏီသို့ထွက်လာလိုက်သည် အထပ်များစွာရှိပြီးမြင့်မားသောအဆောက်အဦး​အားမော့ကြည့်ကာ
" ဟီဆွန်း သွားကြရအောင် " ဟုဆို၍ ကိုယ့်ကိုကိုယ်ပြန်အားပေးကာ အထဲသို့ဝင်​သွားတော့သည်
သူအလုပ်လုပ်ရမည့်အထပ်သို့ရောက်သည်ကိုအချက်ပြသော် ဓာတ်လှေကား၏အချက်ပေးသံမှာတင် ခနဲထွက်ပေါ်လာသည်

ဆယ်လှမ်းသာသာရှိသော သူ၏အလုပ်ခန်း ' မာကတ်တင်းဌာန 'ဟုရေးထားသော ထိုအခန်းသို့ဝင်ခဲ့သည်

သူဝင်လာတော့ အလုပ်လုပ်နေကြသောလူများ၏မျက်လုံးများကသူ့ဆီသို့ပုံကာရောက်လာတော့သည်

" ကျနော်က ဒီဌာနမှာအလုပ်ဝင်မယ့် ဝန်ထမ်းသစ်ပါ ကျနော့်ကိုကူညီပေးကြပါအုန်း "

ထိုအခါမှ လူလတ်ပိုင်းတစ်ယောက်ကနေပြီး

" အော် သိပြီဟိုတစ်နေ့ကအင်တာဗျုးမှာအောင်ထားတဲ့တစ်ယောက်ထင်တယ် နာမည်က "

" ဟုတ်ကဲ့ အီဟီဆွန်းပါခင်မျ "

" ဟုတ်ပြီ အားလုံးဘဲမှတ်ထားကြနော် ပြိးတော့သူမသိတာတွေရှိရင်လည်းမင်းတို့ကသင်ပြပေးကြ
ဟီဆွန်းလည်း ဘာမှအားမနာနဲ့ဒီမှာက အကုန်ဖော်ရွေသလိုစကားကိုလည်းလွတ်လွတ်လပ်လပ်ပြောလို့ရတယ် "

" ဟုတ်ကဲ့ "

ထိုအချိန် ကျနော်တို့ဌာနထဲသို့ လူတစ်ယောက်ထပ်ပြီးဝင်ရောက်လာသည်
တစ်နည်းအားဖြင့် CEOရဲ့လူယုံ မန်နေဂျာယန်းဆိုသူဖြစ်သည် သူသည်မှာ ထက်မြက်ပြီး အလွန် ယုံကြည်ရသူတစ်ယောက်ပင်။ဆောင်းဟွန်းအဖေလက်ထပ်တည်းက လုပ်လာသူဖြစ်သလို သစ္စာလည်းရှိသည် ဒါကြောင့်သူ့အား အဖေကော သားကပါအားကိုးကြခြင်းဖြစ်သည်။

" အီဟီဆွန်း ရောက်ပြီလား ''

သူ့နာမည်ကိုခေါ်သံကြောင့်

Put Your Head On My Shoulder:HeeHoon [ Completed] Where stories live. Discover now