မုန်းသည် သို့သော်...part-1

334 31 2
                                    

#Zawgyi
"ကျေးဇူးပဲ့ jungkook "

Jimin စကားကြောင့် jungkookတစ်ယောက်
အပေါ်နှုတ်ခမ်းစွန်းများ ညွန့်တက်ရုံမျှ ပြုံးပြလိုက်သည်။
ထို့နောက်

"ကျေးဇူး တင်စရာမလိုပါဘူး
ကိုယ့်က မင်းရဲ့ ကျေးဇူးတင်စရာလူမှ မဟုတ်တာ"

Jiminက jungkook စကားကို သဘောတကျဖြင့် ရီမိလိုက်သည်။jimin ဆိုတာက ရီသံကအစ ဆွဲဆောင်မှု ရှိလွန်းတာမျိုး။

" အေးပါကွာ"

"Happy birthday ပါ jimin"

"ဒီလောက်ပဲ့လား?"

"အရာရာ ပြည့်စုံနေတဲ့ မင်းကို ကိုယ်က ဘာများ ထပ်ဆုတောင်းပေးရအုန်းမာလဲ ဗျာ...."

Jungkookက စသလို ဆိုတော့ jiminရဲ့ သာမာန် အပြုံးက
ပိုမို အသက်ဝင်လာသယောင်။ဒါပေမဲ့ jiminက အသက်ဝင်လွန်းသည့် အပြုံးတို့်ကို ရပ်တန့်ကာ တအံ့တသြ ဖြစ်နေသော မျက်နှာပုံစံဖြင့် လူတစ်ယောက်ရဲ့ နာမည်ကို ခေါ်လိုက်တော့ သည်။

jiminနှင့် သူက မျက်နှာချင်းဆိုင် အနေအထားကြောင့် jimin ကြည့်နေသော တစ်နေ့ရာကို ခေါင်းစောင်းရုံမျှ လှည့်ကြည့်မိသည်။

သူ..သူ...ထိုသူ...သေချာပေါက် ထိုသူက Hyung မလား?
<<<<<>>>>>

လွန်ခဲ့သော 5နှစ်ခန့်

" jeon Jungkook!!!!"

"............"

"ခုမှ ဘာအသံတိတ်နေတာလဲ ဟမ်!"

"ကျွန်တော်...ကျွန်တော်..."

"ကျစ်! မင်းဒီအကျင့်ကို ဘယ်တော့လောက်ပြင်မာလဲ ကွ! ဟမ်"

"ကျွန်တော်က သူတို့နဲ့ ဖြစ်ချင်လို့ ဖြစ်တာမှ မဟုတ်တာ"

"အေး ကောင်းတယ် "
Jinတစ်ယောက် ဒီ သွေးမတော်သားမစပ် ဒီ jungkook ဆိုသည့် ကောင်လေးကြောင့် အတော်လေး ဒေါသထွက်နေမိသည်။

"ကျွန်တော်နောက်တစ်ခါ ရန် မဖြစ်တော့ဘူး လေ နော်
Hyung ။ကျွန်တော် ကတိပေးတယ် ဗျာ...နော်"

"ဘယ်နှ ခါ မင်းငါ့ကို ကတိပေးပြီးပြီးလဲ?
တည်ရော တည်ခဲ့ရဲ့လားကွ!"

"ဒီတစ်ခါ အတည် ပေးတယ် ဗျာ နော်"

"အေး နောက်တစ်ခါ မင်း ကတိ ထပ်ဖောက်ရင်
မင်းနားမှာ ငါ မရှိတော့ဘူး ဆိုတာကို မှတ်ထား"

မုန်းသည် သို့သော်....Where stories live. Discover now