#Zawgyi
"Jimin" ခန့်ရှရှ ခေါ်လိုက်သည့်အသံ တစ်ခု။အံ့သြရိပ်တို့ ပါဝင်နေသော အသံ က
သေချာ တာပေါ့ ထိုသူက သူ အမုန်းဆုံးသော
Hyung။Kim seokjin!
........................<<<<>>>>>.................."Jinhyung "jinအား ပြုံးပြကာ jimin ဆိုလိုက်သည်။
Jinhyung နဲ့က သိပ်ရင်းနှီးလွန်းတာမျိုးမဟုတ်ပေမဲ့ jiminရဲ့
ငယ်သူငယ်ချင်း ဖြစ်သူ Taehyung နဲ့ သိသူမို့ jiminက jin အား သိနေသိ ဆိုရမည်လော။"ဒီနေ့က ဘယ်သူ့ .....?"
စားပွဲ ပေါ်ရှိ ပန်းရောင် ကိတ်လေးကို ကြည့်ကာ jinမေးလိုက်သည့် မေးခွန်းကြောင့် jiminက သဘောပေါက်သွားကာ"အာ.."ဆိုပြီး အသံပြု
"ကျွန်တော့် birthday လေ jinhyung "
"Jimin birthday? ဒါဆို Taehyung ကရော..."
ဟု ဆိုကာ jimin နှင့် မျက်နှာ ချင်းဆိုင် ထိုင်နေသော ကောင်လေးကို jin ကြည့်မိလိုက်သည်။
Jinက jungkook ဘေးတွေ ရပ်နေသည်မို့ jin တစ်ယောက် jungkookဧ။် မျက်နှာအား ဘေးတိုက် မျက်နှာပုံစံကို သာ
မြင်နေရလေသည်။Jin တစ်ယောက် ထိုလူကို ခနမျှ ကြည့်လိုက်ပေမဲ့
ထိုလူဧ။် ရုပ်ရည်က သာမန်တော့ မဟုတ်နေပေ။
တစ်ခါ ကြည့်လိုက်ရံဖြင့် မမေ့နိုင်သော ရုပ်ရည်မျိုး။Jungkookက ဒီနေ့မှ သာမန်ထက် ရှည်လျှားသော သူဧ။်ဆံပင်များကို အပြောင် သိမ်းကာ အနောက်ဖက်၌ စုသိမ်းထားသည်ကိုက တမူ ထူးခြားနေယောင်။
jin တစ်ယောက် ထိုကောင်လေးကို ကြည့်လိုက်ချိန် မျက်ခုံးနက်များအောက် နေရာ ယူထား နှင့်သော မျက်ဝန်းများကို ခြံရံ ထားသည့် မျက်တောင် စိတ်စိတ်ကလေးများက တစ်ဖြန့်ဖြန့်ခတ်ကာ စိတ်လှုပ်ရှားနေသယောင်။ နှုတ်ခမ်းပါး တစ်စုံကလဲ တင်းတင်းစေ့ထားသည်မို့ မေးရိုးများက ပိုကာ ထင်းရှာနေပြန်သေးသည်။
Jin တစ်ယောက် ထိုလူ ဆီမှ အမြန်ဆုံး သူ့အကြည့်ကို ဖယ်ခွာ လိုက်မိသည်က သူ့အတွေးထဲ ရုတ်တရက် ပေါ်လာသော လူတစ်ယောက်ဧ။် ပုံရိပ် ။ ထိုပုံရိပ်က မပြန့်သားသော ပုံရိပ်ယောင် တစ်ခုလို ဝိုးတိုးဝါးတား။ ထိုပုံရိပ်က မည်သူနည်း။
Jinတစ်ယောက် ခေါင်းကို တဖြေးဖြေးခါကာ ပင့်သတ်ကို ရှိုက်လိုက်မိသည်။