Part-1
မားက လက်ထပ်တော့မယ်တဲ့ ကျွန်တော်ကအသက် 12 နှစ် စကားနည်းပြီး သီးသန့်နေတတ်တဲ့လူမျိုး ဒါကိုငယ်သေးတယ်ဆိုပြီး မာကကျွန်တော့်မှာ ခံစားချက်တွေရှိနေမယ်လို့မထင်ခဲ့ဘူး.အခုသူမ လက်ထပ်တော့မယ်.
အမှန်တိုင်းပြောရရင် မားကိုနှမြောတယ် မားကအသက် 35 ပဲရှိသေးတယ် အပျိုလေးလိုလှတုန်း သွယ်လျှကျစ်လစ်တဲ့ခန္တာကိုယ်လေးက အပျိုတောင်ရှုံးရလောက်တယ်..ပြီးတော့ မားကအရမ်းချမ်းသာတယ်..ပါပါး တရုတ်မှာ လူချမ်းသာစာရင်းဝင် No.1.မားက လည်း 1 to 5 အတွင်း တစ်လှည့်စီ မဆင်းတဲ့ လူတစ်ယောက် ပါးပါးကကျွန်တော်2နှစ်အရွယ်လောက်ကတည်းကဆုံးသွားတော့ ပိုင်ဆိုင်မှုတွေအားလုံး မားလက်ထဲကိုရောက်လာခဲ့တယ် ကျွန်တော်ကတော့ ဘယ်သူမှ မော်မကြည့်ရဲတဲ့ Wang မျိုးဆက်ရဲ့တစ်ဦးတည်းသော ဆက်ခံသူ ဝမ်ရိပေါ်......အိမ်ထဲကိုဝင်လာတဲ့ ခပ်နွမ်းနွမ်းအကျီကိုယ်စီနဲ့ သားအဖနှစ်ယောက်ကို ဝမ်ရိပေါ်စူးစိုက်ပြီးကြည့်နေတယ် သူ့မျက်နှာကတော့ လုံးဝမပြုံးတဲ့အပြင် မျက်မှောင်တွေပါကျုံ့ထားတယ် ထိုအခါ မားက...
“သား ပါပါးနဲ့အစ်ကို ကိုနုတ်ဆက်လိုက်ပါဦး”
မားရဲ့အပြောကြောင့် အစ်ကိုဖြစ်သူရဲ့ပုံစံကိုသေချာကြည့်လိုက်တဲ့အခါ...
အသက်15နှစ်ဆိုတာတော့ မားပြောလို့သိပြီးပြီ.......
ဟောင်းနေသဖြင့် အဖြူရောင်တို့က အဝါဖက်နည်းနည်းသန်းနေတဲ့ တီရှပ်နဲ့ ခပ်နွမ်းနွမ်းဘောင်းဘီအရှည်ကိုဝတ်ထားပေမယ့် သပ်ရပ်စွာပင် မျက်လုံးတွေထဲမှာလဲ မာနအရိပ်အခိုးတွေကအပြည့်နဲ့ သူကိုစေ့စေ့ပြန်ကြည့်လာတာကြောင့် ဝမ်ရိပေါ်အံကိုကြိတ်မိသွားတယ်...သူ့အဖေဖြစ်သူကလဲညအသက် ၄၀ ကျော်လောက်ရှိပြီး နွမ်းဖက်ဖက်ပုံက မားနဲ့တစ်စက်မှ မတန်...သားအဖလို့တောင်ထင်ကြလိမ့်မည်..*မင်းက သူများအိမ်ကိုလဲ လာနေဦးမယ် ငါ့ကိုဘယ်လိုမျက်နှာထားနဲ့လာကြည့်နေတာလဲ*
ကလေးနှစ်ယောက်ရဲ့အခြေအနေကို ရိပ်စားမိတဲ့ ရှောင်ပါးက...
"မိန့်မိန်ရာယ် ကလေးတွေကို အချိန်ပေးလိုက်ပါဦး"
"ခင်ဗျားတို့လိုလူမျိုးအတွက် ဘာအချိန်မှပေးစရာမလိုဘူး"
ရုတ်တရက် ဝမ်ရိပေါ်ရဲ့ အပြောကြောင့် မိန့်မိန် လန့်ဖြန့်သွားတယ်..သဘောမတူဘူးလို့တစ်ခါမှမပြောခဲ့သလို ဝေဖန်ကန့်ကွက်ခြင်းလဲ မရှိခဲ့တဲ့ကလေးက အခုဘယ်လိုအပြုမူမျိုးလုပ်ခဲ့တာလဲ...
"ဝမ်လေး လူကြီးတွေကိုမရိုင်းရဘူး"
"ပိုင်းလုံး လူကြီး"
ဝမ်ရိပေါ်က ရှောင်ကျန့်အဖေကို စူးစိုက်ကြည့်ကာထိုသို့တစ်လုံးချင်းပြောပြီး အိမ်ပေါ်ထပ်ကိုတတ်သွားတယ်...ဝမ်မားလည်း စိတ်တိုပြီး နောက်ကလိုက်မည်အပြု..
"ကလေးကိုထားလိုက်ပါ မိန့်မိန်ရာယ် သူအသားဘယ်ကျမလဲ သူ့အမေချောချောလေးကို ကိုယ်ကယူမှာဆိုတော့"
"ကိုကို ကိုကို့ကိုအားနာတယ် အရင်ကရော အခုရော အားနာစရာတွေပဲလုပ်မိတယ် အခုလဲ သားလေးကြောင့်...."
မိန့်မိန်ကပြောရင်းနဲ့အသံလေး တိမ်ဝင်သွားတော့ ရှောင်ပါးက ပုခုံးလေးကိုကိုင်ပြီး..
"ဒီလောက်က ကိုယ့်အတွက်ဘာမှမဖြစ်ဘူး ကိုယ်မင်းမရှိတဲ့နေ့တွေမှာ ငရဲလိုကျော်ဖြတ်ရတာထက်စာရင်အများကြီးသက်သာသေးတယ်"
ရှောင်ကျန့်က သူ့အဖေနဲ့မိထွေးကိုကြည့်ပြီး...
*ပါပါး ပျော်နေဖို့ပဲလိုတာပါ အရင်က ပါပါးခုလိုပြုံးနေတာ တစ်ခါမှ မမြင်ဖူးဘူး *
ရှောင်ကျန့်ခြံထဲကို စဝင်လာတုန်းက အိမ်ထဲမှာ မိန်းမတစ်ယောက်နဲ့ ကလေးတစ်ယောက်ကိုတွေ့တယ် မိန်းမကတော်တော်လှတာ ပါပါးရဲ့အချစ်ဟောင်းဆိုသူဖြစ်လိမ့်မယ် ဓာတ်ပုံမြင်ဖူးပေမယ့် အပြင်မှာအဆပေါင်းများစွာပိုလှနေတယ်...
ဘေးကကလေးလေးကတော့ ပါးဖောင်းဖောင်းလေးနဲ့ချစ်ဖို့တအားကောင်းပြီး သူတစ်ချက်ပြုံးလိုက်တော့ပါးလေးတွေမို့တတ်ကာ သွားဖြူဖြူတန်းတန်းလေး ပေါ်လျှက်တအားချစ်ဖို့ကောင်းတာပဲဟုရှောင်ကျန့်တွေးလိုက်ပေမယ့် ထိုကလေးကသူတို့သားအဖကိုတွေ့တော့ မျက်မှောင်ကျုံ့ကာ မျက်နှာထားချက်ချင်းပြောင်းသွားတယ် ...
ရှောင်ကျန့်ကလည်း မာနကြီးသူတစ်ယောက်မဟုတ်ပေမယ့် ကိုယ့်ကို သဘောမကျတဲ့ လူတစ်ယောက်အပေါ်မှာတော့ အောင့်အီးသည်းခံတတ်တဲ့အထဲမပါတတ်......