8
ယမ်ယမ်ရောက်လာတော့ ရှောင်ကျန့်ရဲ့ပျော်ရွှင်မှုလေးတွေ ပြန်ပြီးအသက်ဝင်လာတယ်.တစ်ခါတစ်လေ ယမ်ယမ်ရဲ့တိုက်ခန်းကိုသွားပြီး ချက်ပြုတ်စားသောက်ကြတယ် ယမ်ယမ်ရဲ့ကောင်မလေးကလဲ မြို့ပေါ်ရောက်လာချိန်ဆို သူတို့ကိုအမျိုးစုံချက်ပြုတ်ကျွေးတယ်....
ဒီလိုနဲ့ အချိန် ၅ နှစ်ကုန်ဆုံးပြီးတဲ့အခါမှာတော့ ရှောင်ကျန့် ပျော်ရွှင်မှုတွေကြက်ပျောက်ငှက်ပျောက် ဖြစ်သွားတယ် ရုံးအတွင်းမှာရုတ်ရုတ်သဲသဲ ပြောနေသံတစ်ချို့ကတော့...
"CEO Wang ပြန်လာနေပြီကြားတယ် အိမ်ကိုမဝင်ပဲ ဒီကိုတန်းဝင်မှာတဲ့"
ရှောင်ကျန့်ခေါင်းကို မိုးကြိုးပစ်ချခံလိုက်ရသလိုပင်...နောက်နာရီဝက်ကြာတော့ CEO လာပြီဆိုတဲ့အသံကြောင့် ရှောင်ကျန့် သူ့ရုံးခန်းထဲမှာ ဝင်ပြီး ရှောင်နေလိုက်တယ်...
တစ်လှမ်းချင်းခန့်ညားစွာ ဝင်လာတဲ့CEO Wang ရဲ့ခန့်ညားမှုက အားလုံးကိုမင်သတ်သွားစေတယ် မေရိုးကြီးတွေကထင်ပြီး အကြောပြိုင်းပြိုင်ထနေတဲ့ လက်ဖျံကြီးတွေက အရင်ကမြင်ဖူးနေတဲ့ 17 ရွယ်ကောင်လေးနဲ့ ဘာမှမဆိုင်.....
သူဝင်သွားတာက မန်နေဂျာရဲ့ရုံးခန်းဆီသို့.."ဟဲ့ ဘာသွားလုပ်တာလဲ"
"မန်နေဂျာကသူ့အစ်ကိုလေ နုတ်ဆက်တာဖြစ်မှာပေါ့"
"သူတို့က အရင်းတွေမဟုတ်ဘူးမှတ်လား"
"အေး တိုးတိုးနေပါဟ"
-------
ကိုယ့်အရှေ့မှာ ရပ်နေတဲ့လူကိုရှောင်ကျန့် မော့ကြည့်လိုက်ရာ ....*ဘုရားရေ ဝမ်ရိပေါ် ဘယ်လိုတောင်အကောင်ကြီး သွားတာလဲ ငါ့ထက်လဲအရပ်ရှည်မယ့်ပုံပဲ*
"ခင်ဗျား ကျုပ်မရှိတော့ လွတိချင်တိုင်းလွတ်နေတယ်ပေါ့"
"မင်း! ရိုင်းလိုက်တာ"
"ခင်ဗျား အကောင်တစ်ကောင်နဲ့ တိုက်ခန်းမှာ ညသွားသွားအိပ်တာ ငါမသိဘူးထင်နေလား"
"မင်း မင်းတအားလွန်နေပြီ သူကငါ့သူငယ်ချင်း"
"ဒါဆိုသွားအိပ်တာတော့ မှန်နေတယ်ပေါ့"
"ဘာဖြစ်လဲ ငါ့ဘာသာအိပ်တာ "
"ခင်ဗျားအဖေလုပ်တဲ့အပြစ် ခင်ဗျားခံရဦးမယ်"
"မင်းမကျေနပ်ရင် ငါ့အဖေကိုသွားပြောပါလား"
"ငါ့အမေစိတ်ဆင်းရဲမှာတော့ ငါမလိုချင်ဘူးလေ"
"စီလျော်မှုမရှိဘူး အရူးကောင်"
"စီလျော်တယ် အရမ်းစီလျော်တယ် "
"ခင်ဗျားအဖေ ကျုပ်အမေကို လုပ်လို့ ကျုပ်ခံစားရသလို ခင်ဗျားကို ကျုပ်တတ်လုပ်ပြီး သူ့ကိုပြန်ခံစားရမောင်လုပ်မယ်"
"ဝမ် ရိ ပေါ် မင်း မင်းရိုင်းလှချည်လား မင်းဘယ်လိုမျိုးတောင် ဖြစ်လာတာလဲ"