ပုံမှန်နှင့်မကွာခြားသော သာမန်နေ့လေးတစ်နေ့ဖြစ်ပါ၏။ သို့ဖြစ်၍ ပုံမှန်နေ့ရက်များကဲ့သို့ ဂျောင်ဂုသည်လည်း အလုပ်ခွင်ထဲဝင်ရန်ပြင်ဆင်ရင်း နေ့သစ်တစ်နေ့အားအစပြုလိုက်၏။ ဤကား ဂျောင်ဂုအတွက် ထူးဆန်းသည်လည်း မဟုတ်တော့။ နေ့စဉ်လုပ်နေကျ အလုပ်များပင်။ သို့သော်ငြား ထူးဆန်းသောဖြစ်ရပ် သို့မဟုတ် ပြောင်းလဲသွားသောဖြစ်ရပ်တစ်ခုက ရှိနေပါသည်။ ယင်းအပြောင်းအလဲဖြစ်ရပ်ကား အမြဲတမ်း မနက်စောစောထပြီး ဂျောင်ဂုကို အလုပ်နောက်မကျရစေအောင် နှိုးတတ်သော လူသားနှိုးစက်လေးသည် ဆေးရုံမှ ဆင်းပြီးချိန်တည်းက သူ၏တာဝန်ကို မေ့လျော့နေခဲ့သည့်အဖြစ်ပါ။ ထို့ ကြောင့်လား မသိ။ ဂျောင်ဂုကိုယ်တိုင်လည်း ထယ်ယောင်း လာမနှိုးဘဲနှင့် အိပ်ရာမှ ထတတ်သည့် အကျင့်ရှိလာခဲ့ပါပြီလေ။ အဆိုးထဲမှအကောင်းဟူ၍ပဲ ပြောရလေမလား မသိတော့ပါပေ။
အခြေအနေများကပြောင်းလဲသွားသော်လည်း ထယ်ယောင်းအား အရင်လိုနှိုးပေးရန် ဂျောင်ဂုဘက်က မတောင်းဆိုသလို အကြောင်းပြချက်ကိုလည်း မမေးမိတော့ပါ။ ဤသည်က သူတို့ကြားထဲတွင် အရေးပါလှသည်မှမဟုတ်ပဲ။ ဤအတိုင်းလေး ထယ်ယောင်းသာအဆင်ပြေနေရင် ဂျောင်ဂုဘက်ကလည်း အဆင်ပြေသည်မို့။ ထယ်ယောင်းက ခွဲစိတ်ထားသည့်လူနာလေးမလား။ ထို့ကြောင့် သူ့အတွက် အလုပ်မပိုစေချင်ပါပေ။ ယခုလိုမျိုး အိပ်ရေးဝဝ အိပ်စက်နေနိုင်သည်ကိုပင် ဂျောင်ဂုက ပြန်လည် ကျေးဇူးတင်ရဦးမည်လေ။ သို့ဖြစ်၍ အပြစ်ဟု သူမမြင်ခဲ့ပါလေ။
မနက်တိုင်း ငါ့ပါးလေးကိုနမ်းပြီးအိပ်ရာနှိုးတတ်တဲ့ အရင်ကမင်းကို လွမ်းမိတာကလွဲရင် ငါ အဆင်ပြေပါတယ် ထယ်…
ယခင်ရက်များက ဂျောင်ဂု ဆေးရုံသွားခါနီးမှ အိပ်မှုန်စုံမွှားထလာတတ်သော ထယ်ယောင်း တစ်ယောက်မှာ ယနေ့တော့ ထူးဆန်းစွာ ဂျောင်ဂုနှင့်အတူ နိုးလာခဲ့ပါသည်။ ထို့အပြင် ဂျောင်ဂုအလားတူပင် လိုအပ်သည်များအား သူသုံးနေကျ leather အိတ်အညိုလေးထဲသို့ ထိုးထည့်နေသေးသော ထယ်ယောင်းရယ်ပါ။ ကြည့်ရသည်မှာ ဂျောင်ဂုအား ကူညီပြင်ဆင်ပေးလို၍ စောစောထလာခြင်း မဟုတ်ဘဲ ထယ်ယောင်းကိုယ်တိုင် သွားစရာရှိနေ၍ စောစောထပြင်ဆင်နေခြင်းဖြစ်မည်ထင်ပါသည်။

YOU ARE READING
Unexpected Guest (Complete)
FanfictionThis is a tragic love story woven with themes of passion, betrayal, sacrifice, and vengeance, entangling two lovers and two best friends. Can true love endure the tests of hatred and deceit, or does it fade too easily when challenged? To uncover the...