အိတို🐻07
Zawgyiထွေးထွေးတစ်ယောက် မနေ့ကလိုပဲ ပြေးလာပြန်ပါသည်။
သို့သော် လမ်းတစ်ဝက်ရောက်မှာပဲ ကမ္ဘာညိမ်းမျက်နှာကိုကြည့်ပြီး ခြေလှမ်းနှုန်းကို လျှော့ချပစ်လိုက်သည်။
“ကိုကိုကြီး …”
“အေး ဘာမေ့ကျန်ခဲ့ပြန်ပြီလဲ”
“ဟိုဟာလေ မမထူးထူးက အိတိုလေးရဲ့မာမား … အယ် .. ဟို အစ်ကိုလေ … ကိုကိုကြီးရဲ့ အစ်ကိုကြီး အတွက် … အဲ့တာ …”
“ငါသိပြီ ကောင်းမြတ်လွန်းအတွက် ငါ ထူးထူးကို နေ့လည်စာထမင်းချိုင့် ထည့်ခိုင်းထားတာ အဲ့တာကျန်ခဲ့လို့မဟုတ်လား”
“ဟုတ် … ဟုတ်ကဲ့ကိုကိုကြီး”
“ပေးပေး ထူးထူးကိုပြောလိုက် ကျေးဇူးပဲလို့”
“ဟုတ်ကဲ့ကိုကိုကြီး”
ကမ္ဘာညိမ်း ထွေးထွေးလက်ထဲက ထမင်းချိုင့်ဗူးလေးကိုလှမ်းယူလိုက်သည်။
ထို့နောက် ကားမှန်ကို ပြန်ပိတ်ချလိုက်သည်။
“ကောင်းမြတ်လွန်း … ဒါက မင်းအတွက် နေ့လည်စာ”
“ဗျာ … ဟို … အဲ့လိုလုပ်ပေးဖို့မလိုပါဘူး။ ကျွန်တော်က အခုထိလည်း အစ်ကိုကမ်းလှမ်းထားတဲ့ အလုပ်ကို လက်ခံရသေးတာ မဟုတ်သေးဘူးလေ”
“ကိုယ်ထည့်ပေးချင်လို့ထည့်ပေးတာ။”
“မာမား … ယူလိုက်လေ။ ပြီးရင် အိတိုလေးနဲ့တူတူစားကြမယ်လေ။ အဲ့တာကောင်းတယ်လေနော်”
အိတိုလေးက နှုတ်ခမ်းလေး တထော်ထော်နဲ့ ကြားထဲက ဝင်ပြောရုံသာမက ကမ္ဘာညိမ်းလက်ထဲက ထမင်းချိုင့်ကိုပါ မနိုင်တနိုင် လှမ်းဆွဲပြီး ကောင်းမြတ်လွန်းလက်ထဲအရောက် ထည့်ပေးနေတာကြောင့် ကောင်းမြတ်လွန်းလည်း မနေသာတော့ပဲလက်ခံလိုက်ရတော့သည်။
ကုမ္ပဏီကိုရောက်တော့ တစ်လမ်းလုံး အာပေါက်မတက်ရှင်းပြပြီး ချော့ထားတဲ့ အကျိုးကျေးဇူးကြောင့် အိတိုလေးက ကောင်းမြတ်လွန်းကို အလွယ်တကူလမ်းခွဲခွင့်ပေးခဲ့သည်။
YOU ARE READING
အိတိုလေးရဲ့မာမား(2022){Complete}
RomanceMyanmar BL Fiction (Own Creation) Start Date - 09:17PM(Mon) // 03.01.2022 End Date - 11:00PM(Tue) // 15.02.2022 Written by G-Fourteen Thanks for reading ❤️