Chapter-13

699 55 3
                                    

Unicode

" ဘာ !! အဲ့ဒီ ကောင်မလေးမှာ H.I.V ရှိနေတယ်ဆိုတော့ ဟိုလူ့မှာရော ... "

" အေးပေါ့ .. အဲ့ဒီလူဆီက ကူးတဲ့ရောဂါပဲဥစ္စာ။ အဲ့ဒီလူက လူရှုပ်တဲ့။ မိန်းမတွေအပြင် အသက်ငယ်ငယ် ကောင်လေးချောချောတွေနဲ့လည်း သိပ်ရှုပ်တယ်ဆိုပဲ။ လူကြည့်တော့ အေးပုံအေးလက်နဲ့ပေါ့ဟာ။ အဲ့ဒီပြဿနာပေါ်လာမှ သူ ဘာကောင်ကြီးလဲဆိုတာ ဘွားခနဲ ပေါ်လာတယ် "

" နောက်တော့ ဘာဖြစ်သွားလဲ ချန်ယု။ ရှောင်းကျန့် ဘာဖြစ်သွားလဲ "

တစ်ချိန်က သူ့အပေါ် အလွန်တရာ ဆိုးခဲ့သည်ဟု မှတ်ယူခဲ့သော ရှောင်းကျန့်အား ယခု အချိန်၌ ဝမ်ရိပေါ်က စိုးရိမ်စိတ်ကြီးခဲ့လေပြီ။ တစ်ချိန်က သံယောဇဥ်လက်ကျန်အတွက် သူစိတ်မကောင်းဖြစ်တာပဲလား။ မသေချာပေ .. ။

အင်မတန်မှ မာနကြီးပြီး စိတ်ကြီးသော ရှောင်းကျန့်သည် ထိုကိစ္စအတွက် မည်သူ့ကိုမျှ ခွင့်လွှတ်လိမ့်မည် မထင်ပါ။

" မင်းက ဘယ်လိုထင်လို့လဲ ရိပေါ် "

" ငါ ဘယ်လိုထင်တတ်မလဲ ချန်ယုရာ။ မင်း သိထားတဲ့ ကိစ္စကို မင်းပဲပြောပြပေါ့။ ရှောင်းကျန့် ဒီလောက်စိတ်ကြီးတာ ဟိုလူတော့ အရိုးတစ်ခြား အသားတစ်ခြား ဖြစ်နိုင်တယ် "

" ဟင်း ဟင်း .. အဲ့ဒါတော့ သေချာတယ် "

" ဟုတ်လား တကယ်ပေါ့ "

" တကယ်ပေါ့ ရိပေါ်ရဲ့။ အဲ့ဒီလူမှာ H.I.V ဖြစ်နေတာ ကြာပြီ။ အခု အရိုးပေါ် အရေတင် အရိုးတစ်ခြား အသားတစ်ခြားဖြစ်နေတယ်လို့ ကြားတယ်။ ရှောင်းကျန့်က ဘာမှလုပ်စရာမလိုပါဘူး။ ဒါပေမဲ့ .. သူကတော့ ဒီထက် ပိုဆိုးတယ် "

ချန်ယု စကားဖြတ်ချလိုက်ပြီး မတ်တပ် ထရပ်လိုက်၏။ သူတို့နှစ်ယောက် စကားပြောနေတာ တော်တော်ကြာနေပြီ။ အခုပဲ မှောင်ရီသန်းလာပြီလေ။ အမေလည်း မျှော်နေတော့မည်။ ပြန်မှဖြစ်မည်။

" ဟ .. ဘာလို့ ထရပ်တာလဲ။ ဆက်ပြောလေ "

" ဆက်ပြောလို့မရတော့ဘူး။ အချိန်စေ့ပြီ ရိပေါ်။ ငါ့ကို အမေမျှော်နေလောက်ပြီ။ အလုပ်ဆင်းတာကြာပြီလေ။ ငါ တစ်ခုပဲ သေသေချာချာ ပြောချင်တယ်။ အဲ့ဒါ မင်း ရှောင်းကျန့်ကို သွားတွေ့သင့်တယ်ဆိုတာပဲ "

The Sign Of My LoverWhere stories live. Discover now