စည်း(Unicode)

237 19 7
                                    

ခြေသံ...

အားနဲ့မာန်နဲ့ ပြေးလာတဲ့ခြေသံ...

ခြေလှမ်းမှန်မှန်တော့ မဟုတ်ဘူး...

" အို... ပြန်လာနိုင်ပြီပေါ့ ၊ မောင့်ကိုလာကြိုဖို့ ကားတောင်မလွှတ်လိုက်သေးဘူးလေ... "

" ကျန့်ငယ်.... မောင်....တောင်းပန်- "

ခွမ်း*

အပစ်မဲ့တဲ့ စားပွဲတင်အလှပန်းအိုးလေး အမှိူက်ဘဝသို့ ကူးပြောင်းခဲ့ရပြီ ။

" မောင့်ကိုမတောင်းပန်ခိုင်းသေးဘူး ၊ အခုက ကျန့်ငယ် စိတ်ပူနေတဲ့ ကဏ္ဍလေ ။ မောင်က အလိုက်မသိလိုက်တာ ဒေါသထွက်အောင်လို့ ... ။ "

ညည်းညူသလိုပြောတဲ့အသံက အသည်းယားစရာ ကောင်းလှဘိ ။

" ကောင်းပြီ ဒီလိုဆိုမှ ပြဿနာကိုအရင်ရှင်းကြတာပေါ့ ၊ မောင်းကိုယ်တိုင်သွားယူ ၊ ထိုက်တန်မယ်ထင်တဲ့ဟာမျိုးကိုယူနော် ၊ ကိုယ့်ကိုယ်ကို ‌ညှာပြီး မတန်မရာသေးသေးလေး ယူချလာရင် ကျန့်ငယ်အကြောင်း မောင် ကောင်းကောင်း သိသွားမယ် ။ "

တကယ်ဆို ဘယ်သူ့ကိုညှာမှန်း ကောင်းကောင်းသိသားနဲ့ စကားအရာအနိုင်ယူ‌သူ ။

အဆိုးလေးလို့ မချိတင်ကဲ ရေရွတ်ချင်ပါသော်လည်း ယခုအချိန်ရဲ့အပြစ်သားသူက အသံမထွက်ရဲပါ ။

လာတုန်းကဇောကပ်ပြီးအပြေးလာခဲ့ပေမယ့် accident ဖြစ်ထားတဲ့ကိုယ်ခန္ဓာက *အနားမယူရကောင်းလား* ဆိုပြီးအခုမှ အင်အားအပြည့်ဇာတိပြလာတယ် ။

တစစ်စစ်ကိုက်ခဲနေတဲ့ ခန္ဓာနဲ့ ကျောက်ပတ်တီးကိုင်ထားတဲ့လက်တစ်ဖက်ကို ကျန်လက်တစ်ဖက်နဲ့ထိန်းပြီး ကျန့်ငယ်ခိုင်းတဲ့အတိုင်း စဉ်းအိုးထဲမှာအလှထည့်ထားတဲ့ အရွယ်စုံ ဝါးလုံးကျစ်ကျစ်လေးတွေထဲက မကြီးမသေးတစ်ချောင်းကို လက်နှစ်ဖက်နဲ့သေချာကိုင်ရင်း တရိုတသေယူပေးရတယ် ။ ဒါက ဂေဟာကနေဒီအိမ်စရောက်ထဲက အမြစ်တွယ်လာတဲ့ ကျန့်ငယ်အပေါ်လေးစားမှု။ ပြီးတော့ ဒဏ်ရာရထားတဲ့လက်ကိုအသုံးမပြုရင် ကျန့်ငယ်ဒေါသက နှစ်ဆထွက်နိုင်တယ် ။ ဒေါသထွက်ထွက်နဲ့ စိတ်မော ကိုယ်မော ဖြစ်နေမဲ့ ကျန့်ငယ်က တအားပင်ပန်းပါလိမ့်မယ် ။

စည်း (ကြိုးမဟုတ်သော...)Wo Geschichten leben. Entdecke jetzt