An old Radio & A pay Phone [ Z ]

378 20 0
                                    


ဖုန်းအော်ပရေတာမှ ဆယ့်တစ်ကြိမ်မြောက် ' လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ မအားသေးပါရှင် ' ဟူသော အသံကို ဆုံးအောင်ပင် နားမထောင်ပဲ ရိပေါ် ဖုန်းချပစ်လိုက်တယ်။ ဒီတစ်ပတ်လည်း အခွင့်အရေးမရပြန်ဘူးထင်ပါရဲ့။

လမ်းဘေး တယ်လီဖုန်းရုံထဲမှ ခွာကာ ဆိုင်ရှေ့လမ်းသွယ်ဘေးမှာ ထိုင်ခုံတစ်လုံးနှင့် နေပူဆာလှုံနေသော အဘိုးလီဆီကိုသာ ဦးတည်လိုက်တယ်။ ရိပေါ် အဘိုးဘေးမှာ ဝင်ထိုင်တော့ အဘိုးက လက်ထဲက ရေဒီယိုကို အသံချဲ့ပေးတယ်။ တနင်္ဂနွနေ့တိုင်းကြားနေကျ အသံလေးက နားထဲကို ကြည်လင်ချိုအေးစွာ စီးဆင်းလာတယ်။

"ဒီနေ့အစီအစဉ်ရဲ့ နောက်ဆုံးသီချင်းလေးကို ညီလေး.....အတွက် ဖွင့်ပြပေးလိုက်ပါတယ်၊ အားလုံးပဲ ပျော်ရွှင်စရာကောင်းတဲ့ အားလပ်ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ"

ပြီးသွားပြီ။
ထိုအသံအေးအေးလေးကို ပြန်ကြားရဖို့ တစ်ပတ်တောင်စောင့်ရဦးမည်။ ထိုသူ ဆုတောင်းပေးသွားသလို ဒီတစ်ခါအားလပ်ရက်လည်း သူမပျော်နိုင်။ အဘိုးလီရဲ့ဘေးမှာ ထိုင်ပြီး လက်ထဲက တုတ်တစ်ချောင်းနဲ့ မြေပြင်ကို ဟိုခြစ်၊ဒီခြစ်သာ လုပ်နေလိုက်တယ်။ သူကံမကောင်းပြန်ဘူး။ ဆိုးတာပဲ ၊ သူ့ဘဝက တကယ်ဆိုးတာပဲ။

"ဒီတနင်္ဂနွလေည်း လွတ်သွားပြန်ပြီပေါ့"

အဘိုးလီက သူ့ကို ကရုဏာယှက်သော အသံတိုးတိုးနဲ့ လှမ်းမေးတယ်။ သူ မော့မကြည့်ပဲ ခေါင်းငြိမ့်ပြလိုက်တယ်။

'တစ်ကြိမ်တစ်ခါသာ ကံကောင်းခဲ့ရင်
ထိုသူ၏ နှုတ်ဖျားမှ သူ့ရဲ့နာမတော်ကိုသာ ကြားဖူးချင်ခဲ့ပါတယ်'

........................................................................

"ဝမ်ရိပေါ် ၊ ဟိုဘက်လမ်းက ဆိုင်မှာ
ဈေးသွားဝယ်ပေးဦး"

မီးဖိုခန်းထဲမှာ အလုပ်ရှုပ်နေသော မားက သူ့ကို လှမ်းခေါ်တယ်။ အဝတ်အစားလဲမနေတော့ပဲ မားပေးတဲ့ပိုက်ဆံကို ယူကာ ဆိုင်ဆီသို့ ခြေလှမ်းပြင်တယ်။ ဟင်းရွက်သင်နေတဲ့ မားက နောက်ကနေ လှမ်းမှာတယ်။

"မြန်မြန်ပြန်လာခဲ့နော်"

ထိုနေ့က တနင်္ဂနွပေါ။
ရေစက်တစ်ခုရဲ့အစလည်း ဖြစ်နိုင်သလို
ဝမ်ရိပေါ် သိပ်ကံကောင်းချင်ရတဲ့
အကြောင်းပြချက် တစ်ခုလည်း ဖြစ်တယ်။

GOD's MiracleWhere stories live. Discover now