"ဆယ်ကျော်သက်မှတ်ဉာဏ်တွေကြား အပြည့်အဝနေရာယူထားသည့် အဖြူရောင်အမှတ်အသားလေးတစ်ခု"
ထိုအမှတ်အသားလေးသည် နှာတံဆင်းဆင်းလေး၊ မျက်အိမ်ဝိုင်းဝိုင်းလေး၊ မျက်တောင်ရှည်ရှည်လေးတွေနှင့် ။
လည်ဂုတ်နားဝဲနေသောငွေရောင်ဆံနွယ်ပါးလေးတွေကသာမာန်ထက်ပိုတောက်ပဝင်းလက်နေသည် ။
လရောင်ပြိုကျနေသော မြေပြင်ထယ်ဝယ် ထိုငှက်ငယ်က မြူးကြွစွာ တေးသီချင်းသံတစ်ချို့ငြီးရင်း ..
ဖြူဖြူစွတ်နေသောဝတ်ရုံအရှည်ကြီးတွေကိုတစ်ချက်တစ်ချက်ပင့်ပင့်တင်ရင်းဖြင့်..
လှပစွာသီကုံးနေသော အဖြူရောင်ကချေသည် ။
ဒဏ္ဍာရီတွေထဲမှ အဖြူရောင် ကချေသည် ။
အသံဆာဆာလေးတွေနှင့် ငြို့ယူတတ်သော အဖြူရောင် ကချေသည် ။
ကကွက်လှလှလေးတွေကြား တစ်ခါမြင်မိလျှင် အကြည့်ရုန်းမရနိုင်လောက်အောင် ဖမ်းစားတတ်သော အဖြူရောင်
ကချေသည် ။*🤍*
ဖိုးဖိုးဆုံးပြီးသွားကထည်းက သူ့အခန်းကိုပိတ်ထားဖြစ်တာများသည် ။
သတိရသည့်အချိန်လောက်သာ ခနတစ်ဖြုတ်လွမ်းဆွတ်မှုပြေပျောက်ရုံ ဝင်ကြည့်ဖြစ်သည်သာ ။ဖိုးဖိုးကရှေ့မှီနောက်မှီတစ်ယောက်မို့ဗဟုသုတကြွယ်သည် ။
မကုန်မခန်းနိုင်သော တစ်ထောင့်တစ်ညပုံပြင်များကိုလည်းပြောပြလေ့ရှိတတ်သူတစ်ယောက်ပင် ။ဒီနေ့ဖိုးဖိုးအခန်းကိုခနဝင်ကြည့်ဖြစ်သည်။
အချိန်တစ်ခေတ်ကြာသွားသော်လည်းအခန်းကတော့အရင်အတိုင်း ။သေချာရူရှိုက်ကြည့်လျှင် ဖိုးဖိုးလိမ်းတတ်သောတိုင်းရင်းဆေးမြစ်တစ်ချို့၏အနံ့ထိုသင်းသင်းလေးကိုလည်းရတတ်သည်။
အရာရာဟာ အရင်အတိုင်း ။ဒုတ် **
ဖိုးဖိုးအခန်းပြတင်းတံခါးကို ဖွင့်ပြီးဂျက်မချမိလို့ဖြစ်မည်။
လေတစ်ချက်အဝေ့ တံခါးကပွင့်လာပြီးအခန်းထဲရှိပစ္စည်းတစ်ချို့ပင်ပြုတ်ကျသွားသည် ။
YOU ARE READING
အဖြူရောင်ကချေသည် 𝚂𝙾𝙿𝙴(One Shot)
Romanceမှတ်ဉာဏ်တွေထဲကအဖြူရောင်အမှတ်အသားလေးတစ်ခု "မင်းကကိုယ့်ရဲ့ Crystal" မှတ်ဉာဏ်တွေထဲကအဖြူရောင်အမှတ်အသားလေးတစ်ခု "မင်းကကိုယ့်ရဲ့ Crystal"