နွေဦးအစ

65 6 0
                                    

Facebook မှာ memories တေ တက်လာတိုင်း စိတ်မကောင်းဘူး။

အဲ့နေ့က night duty မနက်၂နာရီထိမနားရသေးဘူး လူလဲနားမလို့ မနားခင် reportစစ်ရင်း ညီမလေးတေက

"အကိုဖုန်းစစ်ကြည့်ပါအုံး အမေပါသွားပီဆိုတာ တက်လာတယ်"

ကျွန်တော်လည်း

"အယ် ဘယ်လိုဖြစ်လို့လဲ fake တေဖြစ်မှာပါ လွှတ်တော်ပဲ စတော့မယ့်ဟာကို မဟုတ်လောက်ပါဘူး"

ဆိုပြီး မယုံတစ်ဝက်နဲ့ ဖုန်းလဲဖွင့်ရော

"အမေ့ကို မနက်၂နာရီက လာဖမ်းသွားတယ်" ဆိုတဲ့ဟာ အရင်တက်လာတယ် တင်တဲ့သူ ကြည့်ကြည့်တော့ သတင်းထောက်တစ်ယောက် သူ့wallထဲဝင်ကြည့်တော့ live လွှင့်တာလာနေတယ် ကားနဲ့ သမ္မတအိမ်တော် အနားသွားကြည့်တာ ရိုက်ပြတာ စစ်ကားတေ စစ်သားတေ လုံခြုံရေးတေ တင့်ကားတေ အပြည့်နဲ့ အမေ့အိမ်တစ်လျှောက်လည်း ရိုက်ပြတာ ကြည့်ရင်းတန်းလန်း internet လိုင်းပြတ်သွားတယ်။

အထဲက လူနာတေရော လူနာရှင်တေရော တောက်တစ်ခေါက်ခေါက် ကြိတ်မနိုင် ခဲမရနဲ့ ငိုကြတယ် ကိုယ်လည်းအံကြိတ်ထားနေရင်းနဲ့ ငိုချင်စိတ်ကိုထိန်းနေရတယ်။

သူတို့တေ ဘယ်လိုလုပ်မလဲ

ဘာတေဆက်ဖြစ်မှာလဲ

နိုင်ငံတိုးတက်မယ့် ခြေလှမ်းအစ ပြုနေပြီ

အားလုံးကာကွယ်ဆေးစထိုးနေပြီ

လမ်းတေပြန်စဖွင့်တော့မယ်

internetပေါ်ကနေ online classတေဖွင့်နေပြီ

နိုင်ငံရဲ့ အကြွေးတေ ကြေနေပြီ

Planningကောင်း တစ်ခုအောက်မှာ ဒေါင်းမလေးကနေဟန် ကိုယ့်ရဲ့ လှပတဲ့ နိုင်ငံလေး ကမ္ဘာ့အလယ်မှာ လူသိများပြီး ဝင့်ကြွားရတော့မှာ ဒီထက်ပို တိုးတက်ရတော့မှာ

ကိုဗစ်ကြောင့် နိုင်ငံတစ်ကာ ခက်ခဲနေချိန် လူနာတေ ဆေးရုံတေက လက်မခံနိုင်ဘဲ သေကြလို့ ပျက်စီးဆုံးရှုံးနေချိန်

ကိုယ့်နိုင်ငံမှာ ကိုဗစ်စင်တာတေပေါ်လာတယ် volunteer ဆရာဝန်၊ဆရာမတေနဲ့ တစ်ချို့ အပြင်က ကျန်းမာရေးဝန်ထမ်းမဟုတ်သူတေပါ volunteerအနေနဲ့ လူနာဝေယျာဝစ္စလုပ်ပေးဖို့ ပါလာကြတယ်

MemoriesWhere stories live. Discover now