၃ရက်မြောက်နေ့
ဒီနေ့ ကျွန်တော်တို့ အမှောင်ကျတာ ၃ရက်မြောက်နေ့
ဘယ်သူမှအပြင်မထွက်နဲ့၊ မဆူပါနဲ့၊ လမ်းပေါ်မထွက်ပါနဲ့၊ သူ့အလွန်ကနေ ကိုယ့်အလွန်ဖြစ်သွားမယ်၊ တိုင်းပြည်ဆူလို့ ထိန်းလိုက်ရတယ် ဖြစ်မှာစိုးလို့ အားလုံးခဏငြိမ်နေပါဆိုပြီး လိုင်းပေါ်တက်လာတယ်။
ဘယ်သူကစပြီး Facebook ပေါ်တင်လိုက်လဲ မသိပေမယ့် တဂယ်ခဏစောင့်လိုက်ကြတယ်။
ဘယ်ကစလို့ ဘာလုပ်လို့ ဘာကိုင်ရမလဲ ဘာမှမသိတော့ ဘာဖြစ်ဖြစ်ဆိုပြီးအခြေအနေကြည့်ရင်းနဲ့ စောင့်တာလည်းပါတာပေါ့။
နိုင်ငံတကာကသိရင် ငြိမ်မနေလောက်ပါဘူးလို့ထင်ခဲ့တာကိုး။ဖုန်းပြန်ဆက်လို့ရတော့ အိမ်တေကလည်း စိတ်ပူလို့ လာခေါ်ရမလားတေ မေးနေပြီ။ ကိုယ်ကလည်းမပြန်ချင်သေးဘူး ။ အမျိုးတေကလည်း လာခေါ်တော့မယ် တကဲကဲနဲ့ မနည်းတားထားရတယ်။ သူ့တို့က ကိုယ့်ကိုစိတ်ပူ ကိုယ်ကလည်းသူတို့ပြန်ပြီး စိတ်ပူနဲ့ ဘာတေမှန်းကိုမသိပဲ အလကားပူနေရတယ်။
ညတိုင်းရင်တေမောပြီး အိပ်မပျော်တော့ မနက်မနည်းထပြီး dutyဆက်ဆင်းလိုက်တယ်။
Dutyရောက်တော့ volunteer ကလေးတေက လှုပ်လှုပ်ရွရွနဲ့ အချင်းချင်း တိုးတိုးပြောနေရင်း လက်ထဲလည်း အထုတ်ကိုင်ပြီး လိုက်ဝေနေတာတွေ့လို့ ကိုယ်လည်းဘာတေထူးခြားသေးလဲ လိုအပ်ရင် ပူးပေါင်းရအောင် မေးလိုက်တယ်။
"ညီလေး ဘာတေလဲ"
"ဖဲကြိုးနီတေအကို ကျွန်တော်တို့ red ribbon campaign လုပ်မလို့ ညဘက်ကြရင် သီချင်းဆိုမယ် သံဗုံးတီးမယ်။ ဘယ်သူတေပါမလဲလို့ ဖဲကြိုးဝေရင်းလိုက်မေးနေတာအကို။ အကိုလာမှာလား။"
" လာရမှာပေါ့ ။ဘယ်ချိန်လဲ၊ ဘယ်နေရာမှာဆိုမှာလဲ၊ ဒါလည်းတပ်မယ်၊ လိုက်လည်းဆိုမယ်။ သီချင်းစာရွက်တေရပြီလား။ အကိုရိုက်ပေးရမလား။"
ကျွန်တော်က အားရဝမ်းသာမေးလိုက်တော့ သူတို့ကလည်း အားရဝမ်းသာ ပြန်ဖြေရှာတယ်
"ရိုက်ပေးရင်တော့ကောင်းတာပေါ့အကိုရာ။ ခုက ဖုန်းထဲက ရှာထားတာပဲရှိတာ"