Part 1

1.2K 28 2
                                    

"အကြီး ၃ ယောက် အဝတ်အိတ်တွေ ပြင်ထားကြတော့ နော်မနက်ဖြန် အဆောင်သွားရမယ်"

Esther - ဟမ်

pattrick - သားရောလား

သွန်းနဒီ - ဘယ်အဆောင် လည်း အမေ

" မြို့ထဲက အဆောင်မှာ "

Pattrick - သားက 8 တန်း ဘဲရှိသေးတာကို လိုက်ရမှာလား

" သားကမိန်းကလေးနှစ်ယောက်တည်း ဖြစ်နေလို့ လိုက်သွားပေးရမှာ "

Esther - မြို့ထဲ ပဲကို အဆောင်ခွဲနေမှ ရမှာလား

"နင့်တို့ အသက်ကကြီးလာပြီမိဘမရှိဘဲ ကိုယ်.ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင်လို့လွှတ်တာပေါ့"

Esther - ဘယ်လိုပဲဖြစ်ဖြစ် အဆောင်ကြီးမှာတော့ မနေခြင်ပါဘူး မေမေရာ

Pattrick - ဟုတ်တယ် အမေ အဲ့တာတော့ သားလည်း ထောက်ခံတယ်

"အဲ့တာဆို နင့်တို့ တက်ရမယ့် ကျောင်း နားမှာ ဟိုတစ်လောကဝယ်ထားတဲ့ အိမ်တစ်အိမ် ရှိတယ် ခြံလေးနဲ့ပဲ အဲ့မှာ ၃ ယောက် နေရဲလား နေရဲတယ်ဆို အဲမှာဘဲနေတော့လေ"

Esther - ရတယ် ရတယ် အဲ့အိမ်မှာဘဲ နေတော့မယ်

pattrick - ဟုတ်တယ်အမေ

"သွန်းသွန်းရော နေရဲလား"

သွန်းနဒီ - သမီးကဘယ်နေရာ ဖြစ်ဖြစ်ရတယ်အမေ

"အေးအေး အဲ့တာဆို အဝတ်အစားတွေ သွားပြင်ကြလေ"

" ဟုတ် "

" အော်နေအုန်းပြည့်ပြည့်လည်း နင်တို့ တက်တဲ့ ကျောင်းဘဲ တက်တာ သူကတော့ အဆောင်မှာဘဲ နေတာ"

"ဟုတ် ဟုတ် "

အခန်းထဲတွင် ....

Esther - ဟူးကျောင်းပြန်တက်ရအုန်းမယ် ပျင်းစရာကြီးဟာ ဟဲ့ သွန်းသွန်း နင်ကပျော်နေတာလား

သွန်းနဒီ - အေးလေခုကငါတို့ဘာသာငါတို့‌‌ေနရတော့မှာလေပိတ်ရက်တွေအပြင်တွေဘာတွေလည်းလျှောက်လည်လို့ရပြီပေါ့ဟ

Esther- ဒါပေမယ်ငါတို့မှာပိုက်ဆံမရှိဘူးလေ

သွန်းနဒီ- မေမေတို့ပြောတာတော့တစ်လကိုမုန့်ဖိုးငါးသောင်းခွဲပေးမယ်ပြောတယ်ဟ ပြီးတော့ငါတို့နေတဲ့အိမ်ရဲ့ဘေးချင်းကပ်ရပ်ကဘယ်သူနေတယ်ထင်လို့လည်း

School love storyWhere stories live. Discover now