အခန်း(၁) - နာမည်ဆိုးနဲ့ကျော်စောသော - ၁

351 7 1
                                    

မှောင်မိုက်နေတဲ့ညအချိန်မှာ မိုးက ရုတ်တရက် သည်းထန်စွာရွာချလိုက်တယ်။
အနီးအနားပတ်ဝန်းကျင်နှင့် အဝေးမှာရှိနေတဲ့ တောင်ကုန်းတွေ ၊ တောင်ထိပ်တွေ ၊ သစ်တောတွေ၊ မြစ်ချောင်းတွေနဲ့ ချိုင့်ဝှမ်းတွေရဲ့ ကောက်ကြောင်းတွေဟာ ရုတ်တရက်ရွာချလာတဲ့ သည်းထန်လှတဲ့မိုးကြောင့် မထင်မရှားဖြစ်ကာ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့တယ်။

ရှေ့ဆက်ရမယ့်လမ်းက ပိုပိုပြီး မှုန်ဝါးလားခဲ့တယ်။
Chang'an မြို့တော်ရဲ့အပြင်ဘက် တောင်ပေါ်လမ်းတစ်လျှောက်မှာ စိုက်ပျိုးထားတဲ့ lilacsပင်တွေဟာလည်း သည်းထန်လှတဲ့မိုးကြောင့် အစိပ်စိပ်အမွှာမွှာကြေမွသွားခဲ့ကြတယ်။
ညအမှောင်ထဲမှာ လှပတဲ့ပန်းပွင့်ချပ်လေးတွေဟာ ပြင်းထန်လှတဲ့မိုးကြောင့် ကျိုးပဲ့သွားပြီး ရွံ့ထူထပ်တဲ့လမ်းမပေါ်ကျသွားတာကို ဘယ်သူမှ မတွေ့ကြပါဘူး။

Huang Zixiaဟာ တောင်ပေါ်လမ်းရဲ့ ညအမှောင်ထဲမှာ လှည့်လည်သွားလာနေခဲ့တယ်။
သူမလက်ထဲမှာရှိနေတဲ့ ပြာဆီသုတ်စက္ကူထီးလေးဟာလည်း မုန်တိုင်းကြောင့် ထီးရိုးငယ်နှစ်ချောင်းကျိုးသွားခဲ့တယ်။
ဓားတစ်ချောင်းလို အေးစက်စူးရှတဲ့ မိုးရေစက်တွေဟာ ပျက်စီးနေပြီဖြစ်တဲ့ထီးကနေတစ်ဆင့် သူမပါးပြင်ပေါ်ကို ကျရောက်နေတယ်။

သူမ မျက်လုံးကိုပင့်ပြီး တစ်ချက်ကြည့်လိုက်တယ်။
ပြီးတာနဲ့ ထီးကို လမ်းဘေးသို့ တုံ့ဆိုင်းခြင်းမရှိဘဲ ပစ်ချလိုက်ပြီး သည်းထန်တဲ့မိုးရေကြားထဲ ရှေ့ကို ဆက်လျှောက်လာခဲ့တယ်။
အရမ်းကိုအေးစက်လှတဲ့ မိုးရေစက်တွေက ခန္ဓာကိုယ်ပေါ်ကို အဆက်မပြတ်ကျရောက်နေခဲ့တယ်။
ပတ်ဝန်းကျင်တစ်ခုလုံးကလည်း မှောင်မည်းနေခဲ့ပြီး တစ်ခါတစ်ရံမှသာ မိုးရေစက်တွေရဲ့အလင်းပြန်မှုကြောင့် အရှေ့ဘက်အနည်းငယ်ကို မြင်ရတာကလွဲရင် အရာအားလုံးက မှုန်ဝါးနေခဲ့တယ်။

တောင်ပေါ်လမ်းရဲ့အစွန်းဘက်မှာ ခရီးသွားများ ခေတ္တနားနေဖို့ ဇရပ်‌အသေးတစ်ခုရှိတယ်။
Tang မင်းဆက်ကာလမှာ ဇရပ်အကြီးတစ်ခုဟာ ဆယ်မိုင်ရှည်ပြီး ဇရပ်‌အသေးတစ်ခုကို ငါးမိုင်ရှည်ပါတယ်။
ညသန်းခေါင်အချိန် မိုးထဲလေထဲမှာဖြစ်တဲ့အတွက် ဇရပ်ထဲမှာ လူသုံးလေးယောက်လောက်ပဲရှိနေခဲ့ပြီး ထိုင်တဲ့သူကထိုင် ၊ လှဲတဲ့သူကလှဲနေရင်း စကားပြောနေကြတယ်။
Chang'an မြို့တော်မှာ ညမထွက်ရအမိန့်ရှိတဲ့အတွက် မြို့ဂိတ်တံခါးဟာ မနက်ငါးနာရီနှင့် သုံးနာရီမှာပဲ ဖွင့်ပါတယ်။
အခုက မနက်အစောကြီးပဲရှိသေးတာဖြစ်တဲ့အတွက် ဂိတ်တံခါးဖွင့်ဖို့ စောင့်နေကြတဲ့သူတွေပဲဖြစ်ရမယ်။

ရွှေဆံထိုးရဲ့မှတ်တမ်းလွှာ The Golden Hairpin 青簪行 မြန်မာဘာသာပြန်Where stories live. Discover now