-----ကျွန်တော်၏ ဖြစ်တည်မှုသည် သူ့အရိပ်ခိုလှုံခွင့်ရရုံတင် ကျေနပ်ရပါသော-----
.................................အဝေးတစ်နေရာမှဆူညံနေသောကားသံတွေကိုပင် မကြားနိုင်လောက်အောင် အသိစိတ်မကပ်ဖြစ်နေသည့်ကျွန်တော်...
ပလတ်ဖောင်းထက် ကျောပိုးအိတ်ပိုက်ကာ တွန့်ဆုတ်စွာ တစ်လှမ်းချင်းလှမ်းမိသည်က ခြေဦးတည့်ရာ...
အချိန်မဟုတ်အခါမဟုတ် ရွာလေ့ရှိတဲ့ မိုးက အခုအချိန်မှာတော့
ကျွန်တော့်ရဲ့ အကြောက်တရားတို့ ကြီးစိုးရာ...လွန်ခဲ့သည့် နာရီဝက်အချိန်ကို ပြန်သွားရမည်ဆိုလျှင်
အချိန်မှန်သူ့ကိုစောင့်နေကျ မြေအောက်ကားပါကင်တွင် စောင့်နေသည့်အချိန်တွင်ဖြစ်သည်..။ လက်က နာရီကို ငုံ့ကြည့်မိလေတော့ ငါးနာရီပင်ခွဲလေပြီ..။ အလုပ်ဆင်းချိန်မတိကျတဲ့သူက ဘယ်အချိန်ပြန်လာမလဲ မသိသော်လည်း စိတ်ရှည်ရှည်နဲ့ စောင့်နေမိသည်မှာ စေခိုင်းမှုမပါဘဲ ကိုယ်တိုင်ချမှတ်ထားသည့် တာဝန်တစ်ခု။
သိပ်မကြာခင်မှာတော့ အဖြူရောင်လူသားသည် ဓာတ်လှေကားမှ ထွက်လာလေသည်..။ ဝန်ထမ်းတွေအား ရင်အေးစေသည့် အပြုံးနုနုဖြင့် နှုတ်ဆက်စကားဆိုတဲ့သူဟာ ကျွန်တော့်ကိုတော့ အေးစက်ခြင်းတွေကိုသာ တပွေ့တပိုက်ပေးတတ်သူ..။ ကျွန်တော့်ကို မြင်တဲ့သူဟာ ချက်ချင်းပါပဲ မနစ်မြို့ခြင်းတွေနဲ့ တည်သွားကာ မျက်နှာလွှဲလိုက်သည်။ ကျွန်တော်နှင့်ပတ်သက်လျှင် သူဟာ အကြည့်လေးတစ်ချက်ကိုတောင် နှမြောတွန့်တိုသည်။
အေးစက်စက်လေထုတွေကို ဖြန့်ကျက်ထားသည့် ဇာမဏီမျက်ဝန်းတွေဟာ ခြေတစ်လှမ်းနီးလာလေတိုင်း ကျွန်တော့်နှလုံးသားသည် အသေးစား ငလျင်လှုပ်ခတ်သွားလေသည့်အလား။ လှိုင်းခတ်နေတဲ့ ရင်အစုံကို လျစ်လျူရှုကာ နင်းခြေသွားတဲ့သူကတော့ လှည့်ပင်မကြည့်ဘဲ ဖြတ်လျှောက်သွားသည်။ ခပ်သင်းသင်းကျန်ခဲ့လေတဲ့ကိုယ်သင်းနံ့ကို မှန်းဆရင်း ခေါင်းငုံ့ကာ မလှုပ်မယှက် ရပ်နေမိသည်။ အကြိမ်ကြိမ်ကျရှုံးရလေတဲ့ ကျွန်တော့် နှလုံးသားသည် သူ့အတွက်တော့ ပျော့ညံ့ညံ့မသတီစရာ ဖြစ်တည်မှုတစ်ခု။
YOU ARE READING
Hyung~
Fanfictionဘယ်အခြေနေမဆို ကျွန်တော့်အချစ်က သစ္စာရှိပါတယ်လို့ ဟစ်ကြွေးနေချိန်.... ခင်များက ခင်များရဲ့အချစ်တွေကို မဖော်ပြပဲ ကျွန်တော့်အတွက်ရှင်သန်ရင်း သူရဲကောင်းဆန်စွာ ချစ်ပြခဲ့တယ်