Hyung~2

104 19 0
                                    

-----သူ၏မနစ်မြို့ခြင်းတွေသည် ကျွန်တော့်အတွက် သီးသည့်ဖြစ်၍ ဂုဏ်ယူစွာ လက်ခံမိနှင့်ပြီးသား-----
#အသားမကျစွာ စူးအောင့်နေသော နှလုံးသားအား လျစ်လျူရှုလျက်
...........................

"Hyung~~"

ပုံမှန်အတိုင်းပါဘဲ အလုပ်သွားတော့မည့်သူ့အား ခြံဝတွင် ယခုမှပြန်ရောက်သည့် ကျွန်တော်နှင့်ဆုံသည်။ နွမ်းနယ်နေသော သူ့ကိုယ်လေးသည် အနည်းငယ် တုန်ရီနေသယောင်..ဒေါသကြောင့်လားမပြောတတ်..။ စူးရှသည့် မျက်ဝန်းဝိုင်းတွေသည် ကျွန်တော့်အား တာဝန်အရသာ လှည့်ကြည့်ကာ ဂရုမစိုက်စွာပင် ထွက်သွားလေသည်။
#ဒီလောက်တောင် အေးစက်စရာလိုလို့လား hyung.
တစ်ညလုံးမုန်တိုင်းထန်၍ ကျွန်တော့်အား သူစိတ်ပူနေမလား မျှော်လင့်မိသော်လည်း သူသည် ကျွန်တော့်အား ဘယ်ရောက်ခဲ့သလဲ အဆင်ပြေရဲ့လားဟုတောင် မမေးခဲ့ပါလေ..။ ဆစ်ကနဲ ကိုက်ခဲလာသော ဘယ်ဖက်ရင်အုံအား ဆုပ်ကိုင်ရင်းမှ ထွက်သွားလေတဲ့သူ့အား ငေးကြည့်ရပြန်သည်။ ကျွန်တော်သည် အဘယ်ကြောင့် သူ့ကျောပြင်အား မုန်းမိပါသနည်း။ အမြဲလျစ်လျူရှုခံရကာ ကျန်ရစ်နေသူမှာ ကျွန်တော်ဖြစ်နေ၍..။

..........................

"ရား.....ပတ်နားကား"

မမှီတမှီနှင့် ကျွန်တော့်လည်တိုင်အား ခုန်ကာလက်ချိတ်လာလေတဲ့၊ လူမမြင်ခင် အသံအရင်ကြားရပါလေတဲ့ ကျွန်တော်၏ တစ်ဦးတည်းသော သူငယ်ချင်း..။ ဗြောင်ဘတ်ဟျွန်း..။

"အင်း ဘတ်ဟျွန်းနီး"

"ဘာအင်းလဲ...မင်းလူကြီးနဲ့ အဆင်မပြေပြန်ဘူးလား..ခေါက်ထားလိုက်စမ်းပါ.."

အသံတစာစာနဲ့ ကျွန်တော့်အား မကျေမနပ်ရည်ရွတ်လာပါသည်။ ကျွန်တော့်ခံစားချက်အား သူအသိဆုံးဖြစ်၍ မခံမရပ်ဖြစ်လေခြင်း..။ ကျွန်တော် သူ့အား လှည့်ကြည့်ကာ ပြုံးရုံပြုံးပြလိုက်သည်။

"ဟူး..."

လေးပင်စွာပင်သူက အသက်ပြင်းချကာ ကျောင်းဝန်းအရှေ့ဘက် အပင်အောက်ရှိ ခုံတန်းတွင် ဝင်ထိုင်လိုက်သည်။ ကျွန်တော် သူ့အနောက် ခပ်လှမ်းလှမ်းမှလိုက်ကာ အပင်အောက်အရောက်တွင်တော့ သူ့အနားထိုင်လိုက်သည်။

Hyung~Where stories live. Discover now