တီတီက ပန်းပင်ရေလောင်းနေရာကနေ သူ့ကို ရေမှုန်ရေမွှားလေးတွေစင်အောင် လှန်းပက်တယ်။ အိမ်ပေါ်တက်တဲ့ သုံးဆင့်သာရှိတဲ့လှေကားငယ်လေးမှာ ထိုင်ပြီးငေးနေတဲ့ သူ့ကို စနောက်ချင်ပုံပါပဲ။
"တီတီကလည်း စိုကုန်မယ်ဗျ"
"အပိုမလုပ်ပါနဲ့ ဘာတွေငေးပြီး ဘာတွေတွေးနေလဲ ကလေး"
"မဟုတ်ပါဘူး... ဒီအတိုင်း"
"ရှောင်းကျန့်ကို စိတ်ပူနေတာလား"
တီတီက ပန်းပင်တွေကို ရေဆက်ပြီးလောင်းတယ်။ တီတီ မေးလိုက်တာ သာမန်မေးခွန်းပါပဲ။ ရိပေါ်ကတော့ မလုံမလဲနဲ့ ရင်တွေထခုန်တယ်။
"သူ ဒီနေ့ညနေပြန်လာမယ်တဲ့... "
"ဘယ်အချိန်ပြန်လာလာပေါ့"
ရိပေါ်က မျက်နှာတွေပူလာသလိုခံစားရတာမို့ အိမ်ထဲဝင်သွားတယ်။
တီတီလေးက ရယ်တယ်။ အပျိုဖြန်းကလေးလည်းမဟုတ်ဘဲ ရိပေါ်ရှက်နေတာလည်း ချစ်စရာကောင်းတယ်လို့ မြင်နေရပြန်တယ်။
•
•
•
"ဒီဟာ ကျန့်ကောကို သွားပေးမှာလား"
တီတီက ဖက်ထုပ်တွေပြုတ်ထားတယ်။ ပုဇွန်ဖက်ထုပ်က ကိုကိုကြိုက်တတ်တယ်။
"ဟုတ်တယ် ကလေးလေး... ဘေးမှာ ပဲငံပြာရည်အချဉ်ယူသွားဦး"
တီတီက အဆင်သင့်ချပေးထားတဲ့ ဘူးလေးတွေကို ယူပြီိး ကိုကို့အခန်းရှေ့ တံခါးသွားခေါက်ရတယ်။
မကြာခင်ပဲ ပွင့်လာတဲ့ တံခါးနဲ့အတူ ရှပ်အင်္ကျီအပြာရောင်အကွက်ကို ဝတ်ဆင်ထားတဲ့ ကိုကို့ကိုတွေ့ရတယ်။
"တီတီက ညစာလာပို့ခိုင်းလို့"
"အင်း... လာ... ဝင်လေ ရိပေါ်"
ကိုကို့အခန်းက ငယ်ငယ်ကလေး။ စာအုပ်တွေအများကြီးရှိတယ်။ အများစုက ကဗျာတွေကိုကြိုက်တတ်တဲ့ ကိုကို့ရဲ့ကဗျာစာအုပ်တွေ။
ပြီးတော့ ကိုကို့အခန်းထဲ မြင်တွေ့လေ့မရှိတဲ့ အရာကိုဒီနေ့တွေ့ရတယ်။
ပန်းချီကားတင်တဲ့ ဒေါက်။
ပန်းချီကားတွေတင်လေ့ရှိတဲ့ ဒေါက်တံကို ရိပေါ် တီတီ့ဆီမှာ ခဏခဏ မြင်ဖူးတယ်။ ကိုကို့အခန်းထဲမြင်ဖူးတာတော့ ပထမဆုံးဖြစ်ပါလိမ့်မယ်။
YOU ARE READING
Pieces of Hurt
Fanfictionနာကျင်မှု အပိုင်းအစတွေဟာ ပျော်ရွှင်မှုတွေကနေ စတင်ပြီး ပျော်ရွှင်မှုတွေကလည်း နာကျင်မှု အပိုင်းအစတွေရဲ့ ဆုလာဘ်တစ်ခု ဖြစ်နေပြန်တယ်။