“တောင်...”
Messageဝင်သံကြောင့် ဝေယံတစ်ယောက်ဖုန်းကိုယူပြီး ကြည့်လိုက်သည်။
“Hello ..အကို
နေကောင်းရဲ့လားဗျ...
အစစအရာရာဂရုစိုက်ပါ..
အကို့ကိုကျနော်ချစ်တယ်...”
ဝင်လာသောစာလေးကိုကြည့်ပြီး ဝေယံနှုတ်ခမ်းလေးတွန့်ယုံပြုံးလိုက်မိသည်။အမြဲသူ့ဆီကိုပို့နေကြစာသားလေး။8နာရီေလာက်ဆို အချိန်မှန်မှန်နဲ့ဝင်လာနေကြဖြစ်သည်။မှတ်မှတ်ရရဆိုရင်5လလောက်တောင်ရှိလောက်ရောပေါ့။အစကတော့ သာမာန်သူ့ကိုခင်ချင် ရင်းနှီးချင်တဲ့သူတွေလို လာရောတာလို့ထင်လိုက်ပေမယ့် သူထင်တာမှားနေပြန်သည်။
ဒီတိုင်း ချေတာတော့မဟုတ်ပေမယ့် သီးသန့်နေတက် စိတ်ရှုပ်မခံတက်တဲ့သူ့ပုံစံကြောင့် မာနကြီးတယ်၊ဘဝင်မြင့်တယ် ၊ရုပ်လေးချောတာနဲ့ဆိုပြီး ပြောဆိုကြပေမယ့် သိပ်လည်းစိတ်ထဲလိုက်ခံစားမနေ။သူတို့ဘာသာလာပတ်သတ်တယ် ကိုယ်လည်းစိတ်ပါရင်ပြန်ပြောမည်။ မပါရင်ပြန်မပြောပဲ နေလိုက်သည်။လူတိုင်းကိုလိုက်ပြီး ဂရုစိုက်နေမှာတော့မဟုတ်။
ဒီကောင်လေးကတော့ အာ့လိုမဟုတ် သူခုချိန်ထိ စာတစ်စက်လေးမှမပြန်တာတောင် ဇွဲရှိရှိနဲ့ ပို့နေတုန်း။ နေ့တိုင်း ဒီစာပဲပို့နေတော့copyဆွဲထားသလားတောင် အောက်မေ့ရသည်။
သူ့ကိုလာဖွှင့်ပြောတဲ့သူတွေထဲမှာgirlsတွေလဲရှိသလို boysတွေလဲရှိသည်။ခုချိန်ထိတော့ သူအဲ့ဒါတွေစိတ်မဝင်စားသေးသလို အထူးတလည်လဲတွေးမနေ။
အချစ်နဲ့ပတ်သတ်ရင်တော့ ရိုးရိုးရှင်းရှင်းပဲချစ်နေရင်ရပြီလို့ပဲတွေးလိုက်သည်။
ဒါပေမယ့် ဒီကောင်လေးပို့တဲ့messageတွေတော့ နေတိုင်းသတိထားဝင်ကြည့်မိသည်။တစ်ခုပဲ... ပြန်မပို့ဖြစ်တာကလွဲရင်ပေါ့...။****
တစ်ချို့သောငြိတွယ်မှုလေးတွေက သတိမထားမိသည့် အသေးအဖွဲလေးတွေကစတက်သည်ဆိုတာတော့ ကျနော်တို့မေ့ထားလို့မရပေ။
*****
ဉာဏ်တစ်ယောက် နာရီကိုကြည့်ပြီး 8နာရီထိုးတာနဲ့ တစ်စုံတစ်ယောက်ထံစာပို့လိုက်သည်။ ဒီနှစ်အတွင်းသူစိတ်လိုလက်ရ လုပ်မိတဲ့အကြောင်းအရာလေးပေါ့။