part-1

1K 40 7
                                    

Unicode

"ဘာလမ်းခွဲမယ်....ဟုတ်လားမောင်"

ဒုတိယအကြိမ်အထိ ချရား ရေရွတ်မိလိုက်သည် ။ အံ့သြလွန်းလို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မည်။အချင်းချင်း စိတ်ဆိုးလို့ မခေါ်တော့ဘူး လို့ပြောမိရင်တောင် ချက်ချင်းထသတ်တော့မည်မောင်က အခုတော့ လမ်းခွဲမတဲ့..... မောင်ဟုတ်မှဟုတ်လေသလားရယ်.... မောင်နှင့်ချရားတို့မှာ အခုတွေ့အခုကြိုက်သည့် စုံတွဲမျိုးမဟုတ်လေတာကြောင့် နှစ်ကိုယ်ကြား ပတ်သတ်မှုက နက်ရှိုင်းသည်ထက်ပင် ကိုးဆယ်ဆသာ​လှပေ၏။

"မောင်....ချရားမေးနေတယ်လေ မောင်ပြောတာတွေ အဟုတ်လားလို့"

"ဟင်း..."

မောင်က သက်ပြင်းရှည်ကြီးကိုသာ အမောတကြီးချသည်။ သို့သော်   ချရားဘက်ဆီကိုတော့ တစ်စက်က​လေးမှတောင် လှည့်ကြည့်မလာခဲ့ပါ။ သဘောကတော့ ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်းဖြစ်၏။ ချရား မောင့်အား အံ့အားသင့်စွာကြည့်မိလိုက်သည်။ အနှစ်နှစ်အလလ ကြာမြင့်ခဲ့ပြီဖြစ်သည့်ဒီသံယောဇဥ်မှမထောက် မောင်.....လုပ်ရပ်လိုက်​လေခြင်းပင်...ချရားကို  မသနားရင်နေပါစေ ....ဒီသံယောဇဥ်တွေ ကိုတော့ မောင်ထောက်ထားဖို့ကောင်းလှပါ၏။ ဒီလိုပုံစံမျိုး နှင့်....ဖြစ်ကတတ်ဆန်း ဖြတ်တောက်ဖို့အထိတော့ မောင်မလုပ်သင့်လှပါ။ချရားတို့ချစ်ခဲ့ကြတာ....အခုလို လမ်းခွဲဖို့မှမဟုတ်တာ....


"မောင်တို့လမ်းခွဲကြရအောင်....ချရား"

မောင့်ရင်ထဲမှီလက်စ ချရားခေါင်းကလေး ဆတ်ကနဲဖြစ်သွားလေသည်။
သို့တိုင်အောင် မောင့်လက်တွေကိုတော့ ချရား စုပ်ကိုင်ထားဆဲ....

မောင်တစ်ယောက်ဟာဖြင့်လေ နာပါတယ်ဆိုလေမှ အဲ့ဒီစကားကိုသာ ခဏခဏထပ်ပြောလေတော့သည်။

"မောင်....မောင်နောက်နေတာမလားဟင်....ချရားကိုမောင်နောက်နေတာမလား လို့"

အရူးတစ်ယောက်လိုသာ မောင့်အား ချရားမေးနေမိလေသည်။ တကယ်လည်း မောင့်ကြောင့်နဲ့ ချရားရူးနေမိပါပြီ...

"မောင်တကယ်ပြောနေတာ...ချရား"

ကြားနေရသည့်နားတွေပင် အမှားမှားအယွင်းယွင်း ဖြစ်ကုန်ပါ၏ ၊ သိပ်ချစ်တတ်တယ်ဆိုတဲ့ မောင်က ခုများကျမှ လမ်းခွဲမတဲ့....

လွမ်းရဲမှ လမ်းခွဲပါ....မောင်Where stories live. Discover now