Unicode
စောစောကလူက တောင်းပန်ရင်းသာ ချရားအနားဝင်ထိုင်လေသည်။ ဘယ်အထိအောင်ဆွတ်ထားမှန်းမသိသည့် သူ့ရေမွှေးနံ့ကြောင့် ကြည်နေဆဲ ချရားခေါင်းသည်ပင်နောက်ချင်လာသလိုလို....
"ဘာဖြစ်သွားသေးလဲ "
ထိုလူကဆက်မေး၏။
"ရတယ်ဘာမှမဖြစ်ပါဘူး....ဖယ်"
"တကယ်ရော...ရလို့လား"
"ရော်...ခင်ဗျား ဘယ်လိုလူလဲ ရလို့ရတယ် ပြောနေတာလေ....ဘာမှန်းမသိအူကြောင်ကြောင်နဲ့ ဖယ်ဖယ်"
ဖေးမနေတာနဲ့မတူ ကြောင်တိကြောင်ကြားနဲ့သကောင့်သားကြောင့် တိုနေဆဲ စိတ်တွေတောင် ကြောက်ချင်သလိုလို ဖြစ်လာ၏။ ကိုကို ကြီး တစ်ခါကပြောဖူးသည် ရန်ကုန်သားတွေက လူလိမ်တွေအများသားတဲ့ နယ်သားတွေ ဆို ဝင်တိုက်သလိုလို ဘာလိုလိုနဲ့ သွေးတိုးစမ်းကြတယ်ဆိုပဲ....အခုဒီလူကလည်း
အမလေး....
ရုတ်တရက် မို့ နှလုံး သွေးတွေတောင် ဆောင့်တက်ချင်သွားသလိုလို....မတက်လို့လည်းမရမှမရတာ လူက လှန်ကြည့်ကာမှ ဒင်းက မျက်နှာပြဲကြီးနဲ့ အနီးကပ်လာတာကိုး...ဒါတောင် သွားဖြဲ ကြီးက တဟဲဟဲ လုပ်နေသေး...
ကြောက်ပါတယ်ဆိုခါမှဒင်းကတစ်မျိုး...
မပြောမဆို တဖြည်းဖြည်း အနားကပ်လာသော အဲ့ဒီလူကြောင့် နယ်သားတစ်ဖြစ်လည်းချရားလည်း ကြောက်လွန်းလို့ ဒူးတွေတောင် တဆတ်ဆတ်ရိုက်လာပြီ။ လွယ်လက်စ ကျောပိုးအိတ်ကို တင်းတင်းပါအောင်စုပ်ကိုင်ရင်း သူ့လက်ကလွတ်အောင်သာ ထပြေးရန် ပြင်လိုက်တော့သည်။ မထခင်တော့ တစ်ကျပ်သား ဆွဲကြိုးလေးကို အင်္ကျီထဲ အမြန်ဖွက်လိုက်ရသေး၏။
"အ...."
ဒေါသနဲ့ ကုန်းထလိုက်မိသော်သည်း သပွတ်တိုင်လည်နေသလို ဖြစ်နေသည့် ခြေထောက်က ရုတ်တရက် နာနေဆဲမို့ ခွေခနဲသာ ပြန်လဲကျသွားရလေတော့သည်။ သို့သော် မြေပေါ်ကိုတော့မဟုတ်....သူ့ရင်ခွင်နွေးနွေးထဲသို့သာ....
"ဟစွကျိုးနည်း မှပဲ"
"ရရဲ့လား...."
YOU ARE READING
လွမ်းရဲမှ လမ်းခွဲပါ....မောင်
General Fictionဒီတစ်ခါကတော့ dramaဆန်ဆန်လေးပဲရေးမှာပါ seကြိုက်တဲ့ အသဲတစ်ခြမ်းတို့အတွက် သီးသန့်ဖန်တီးပေးထားပါ seဆိုလို့ လန့်မသွားကြပါနဲ့အုံး ထုံးစံအတိုင်း အခွီအနောက်တွေက တောက်လျောက်ပါမှာပါဗျ