01

65 26 4
                                    

လေငြိမ်ပြီးအုံ့မှိုင်းမှိုင်းရာသီဥတုအခြေအနေကြောင့်မကြာခင်ပင် မိုးရွာချတော့မည်ဖြစ်သည်။ချမ်းစိမ့်စိမ့်အအေးဓာတ်က ညနေရောက်လေပိုကဲလာလေမို့အနွေးအထပ်ထပ်အထည်အထူနဲ့ပင် စိမ့်တတ်နေလျက်ရှိသည်။

Taylor swiftရဲ့ August songကကားထဲတွင် မတိုးမကျယ် ပြန့်လွှင့်လျက်။
မကြာသေးခင်က အမွေအဖြစ်ရရှိထားသည့် "Leo"
စံအိမ်တော်ကိုပြောင်းလာစဉ်တလျှောက်စိတ်လှုပ်ရှားနေသည့်စိတ်အစဉ်က ယခုတွင်ပင် ကားထဲပြန့်လွှင့်ကာထွက်ပေါ်နေသည့် songအပေါ် အာရုံရောက်လာပြန်သည်။

"အင်း AugustကLuckyဘဲ"

"ဘာရယ် "

ကားမောင်းနေရင်းမှ အတွေးနယ်ချဲ့ကောင်းနေတာ
တွေးနေမိသည့်အရာကို သဘောတကျဖြင့် အပြင်မှာပါထုတ်ပြောမိသွားပုံပေါ်သည်။lover seatတွင်ထိုင်နေသည့် အမျိုးသမီးလေးက ကြားလိုက်ပုံရ၏။

"မိန်းမ မင်းစဉ်းစားကြည့်"

"‌မစဉ်းစားချင်ဘူး..ကားမူးရတဲ့ကြားထဲ"

"ဟော...သိပ်နှောင့်တာပဲကွာ"

"ရှင် လိုရင်းမြန်မြန်ပြော"

"ဒီလိုလေ ..ကိုယ်တို့ရဲ့သားလေးကိုAugustလမှာ
မွေးတယ်မလား အခုလည်းကိုယ်တို့ ရုတ်တရတ်ကြီးအမွေရတာ Augustလမှာဘဲလေ အဲ့တာကြောင့်
Taylor ရဲ့songကြားပြီး ကိုယ်စဉ်းစားမိသွားလို့ပါ"

"အင်း..ကျွန်မလက်ခံပါတယ် ဒါမဲ့တိုက်ဆိုင်တတ်တဲ့
အရာတွေကိုအရမ်းကြီးစိတ်ထဲလျှောက်ထားပြီး
တွေးတောတတ်တာကောင်းတဲ့အရာမဟုတ်ဘူးနော်"

"ကိုယ်ကပြောပြတာပါ"

သီချင်းလိုက်ညည်းရင်း ကားသာဆက်မောင်းနေလိုက်၏။
တချိန်လုံးတိတ်တဆိတ် နဲ့လူမပါလာသလို ထိုင်နေသည့် နောက်ခန်းက သားတော်မောင်ကိုလည်းမကြာခဏလှမ်းလှမ်းကြည့်ရသေးသည်။

၄နာရီကျော်အကြာကားမောင်းအပြီးမှာတော့ စံအိမ်ရှေ့သို့ ရောက်လာပြီ ဖြစ်တယ်။ နွယ်ပင်နှင့်အတူ
နွယ်ပန်းတွေပါပေါက်လျက် ယှက်လိမ်ကပ်တွယ်နေသည့်‌ရွှေရောင်သံပန်းတံခါးကြီးသည် နွယ်ပန်းအခက်တွေကြား ထည်ဝါနေတုန်းပင်။
တံခါး၏ တဖက်ခြမ်းညာဘက်အပေါ်ဘက် အုတ်ပေါ်တွင် ‌"Leo"ဆိုသည့် စာလုံးသည် ရွှေပြားပေါ်တွင် တင့်တယ်နေဆဲ။

You've reached the end of published parts.

⏰ Last updated: Jan 25, 2022 ⏰

Add this story to your Library to get notified about new parts!

CURSEWhere stories live. Discover now