Summary

558 54 16
                                    

အနှစ်ချုပ်

လှပတဲ့ နှင်းကျားသစ်လေးက ကြောက်ရွံ့တဲ့အခါတိုင်း သူ့အမြီးလေးကို ကိုက်ထားတတ်တယ်။ နှင်းဝံပုလွေဘုရင်ရဲ့ အိပ်ခန်းကို ပို့လိုက်တဲ့အခါမှာလည်း သူ့အမြီးကို တုန်လှုပ်စွာ ကိုက်လိုက်တယ်။

နှင်းဝံပုလွေဘုရင်ကြီး : မင်း ဘာကို ကြောက်နေတာလဲ? ငါ မင်းကို မစားပါဘူး။

နှင်းကျားသစ်လေး - မင်းငါ့ရဲ့ OO ကို XX လုပ်မှာကို ငါကြောက်လို့ပါ။

နှင်းဝံပုလွေဘုရင်ကြီး - ဒါဆို မင်းငါ့ကို ခွင့်လွှတ်ရလိမ့်မယ်၊ ဘာလို့လဲ ဆိုတော့ ဒီဘုရင်က ဒီနေရာကို လာတဲ့ အကြောင်းက အဲဒါလုပ်ဖို့အတွက် ရောက်နေတာပဲ။

နှင်းကျားသစ်လေး : ဒါပေမယ့် နှင်းဝံပုလွေတွေကသာ ဘုရင်မဖြစ်နိုင်တယ်လို့ ငါကြားဖူးပါတယ်...

နှင်းဝံပုလွေဘုရင်ကြီး - အဲဒီလို စည်းမျဥ်းရှိတာလား ?
ဇီဝဗေဒပညာရှင်ကို ငါ သွားမေးရဦးမယ်။

သုံးရက်အကြာမှာတော့ မြောက်ပိုင်းဇီဝဗေဒပညာရှင်များက ပြောလာတယ် : နှင်းကျားသစ်က နှင်းဝံပုလွေအမျိုးအစားဖြစ်ပါတယ်။

လက်တွေ့မဆန်တဲ့ အခြေအနေတွေမှာ မျိုးကွဲသားရဲများကြားမှာရှိသော အချစ်ဇာတ်လမ်းလေး တစ်ပုဒ်။

......

Note :

ဒါလေးက Modern fantasy လိုမျိုးလေးမို့ အခုခေတ် အသုံးအဆောင်တွေလည်း ပါဝင်ပါတယ်၊ ဥပမာ ဖုန်းတွေ social media သုံးတာတွေ ခေတ်မှီအသုံးအဆောင်တွေ ပါဝင်တာမျိုးပါ၊ ဘုရင်ခေတ်ကို နောက်ခံယူထားတာမို့ နန်းတွင်းပုံစံမျိူးလည်း ပါဝင်သလို ဇာတ်ကောင်လေးတွေက သားရဲတွေဖြစ်လို့ တခြား ထီးနန်းအကြောင်းတွေပါဝင်တဲ့ ဝတ္ထုတွေလိုတော့ ဖတ်ရှုပ်တာ မခက်ပါဘူးနော်၊ ဇာတ်လမ်း ဇာတ်အိမ်လည်း အရမ်းရှုပ်တာမျိူး မပါတာမို့ ပေါ့ပေါ့ပါးပါး ဖတ်လို့ ကောင်းတဲ့ ချစ်စရာ type လေးပါ၊ အဲဒီတော့ ယုတ္တိမရှိတာတွေ ဘာတွေ လျှောက်မစဥ်းစားဘဲ ဒီအတိုင်းလေး စီးမျောသဘောကျပြီး ဖတ်ပေးဖို့ ပြောချင်ပါတယ်

ဒါလေးက E tran 2 ပိုင်းပဲ ရှိတာမို့ C ကနေ တိုက်ရိုက် ပြန်ပေးတာဖြစ်လို့ တခုခု အရေးအသား လိုအပ်သွားတာရှိခဲ့ရင် ကိုယ့်ရဲ့ လိုအပ်ချက်ကြောင့်ပဲ ဖြစ်ပါလိမ့်မယ် အတတ်နိုင်ဆုံး ချောမွေ့အောင် ပြန်ပေးမှာမို့ ဖြေးဖြေးအေးဆေး လိုက်ဖတ်လို့ရပါတယ်။

❄ Snow Leopard Love Biting Their Tails ❄ Myanmar TranslationWhere stories live. Discover now