❤️ အပိုင်း 16 ❤️

14.7K 549 8
                                    

❤️ Love & Fortune ❤️

အပိုင်း 16

Breakfast room ဆီရောက်သည့်အခါမှာတော့ အနောက်တိုင်းစတိုင် ပြင်ဆင်ထားသော decorationလေး က သူမတို့အား အသင့်ကြိုဆိုနေသည်။

ပိုးရုံ အခန်းထဲသို့ လှမ်းကြည့်တော့ ယောနိုင်ငံနဲ့ သားက အတူရှိနေ၏။

သားက လူအများအလယ်မှာ တစ်ခုခုကို အေးဆေးတည်ငြိမ်စွာ ပြောပြနေတာဖြစ်ပြီး ဘေးနားမှ လူကြီးတွေက သဘောကျသော အကြည့်ဖြင့် ကြည့်နေကြပြီး ယောနိုင်ငံကလဲ သားကို ကြည့်ကာ ပြုံးနေသည်။

ထိုစဥ် စကားပြောနေသည့် သားက သူမကို မြင်သွားသည်နှင့် သူ့အဖေကို မော့ကြည့်ကာ သူမရောက်ပြီဆိုသည့်အကြောင်းကို လှမ်းပြောလိုက်ပုံပင်။

ထို့ကြောင့် ယောနိုင်ငံအပါအ၀င် ရှိသမျှလူအားလုံးရဲ့ အာရုံက သူမနဲ့ ချယ်ရီကေသာ ဆီရောက်လာလျှင် ပိုးရုံ မနေတတ်ဖြစ်သွားရသည်။

ချယ်ရီကေသာမှာတော့ သူမကို လှမ်းကြည့်ကြတယ်အထင်ဖြင့် အားလုံးကို ခြုံငုံပြီး အပြုံးလေးတစ်ပွင့်နဲ့တောင် ပြန်နှုတ်ဆက်လိုက်သေး၏။

"အခု ငါ့ကို လှမ်းကြည့်နေကြတာက
Project ထဲမှာ ပါ၀င်ထားကြတဲ့ လုပ်ငန်းရှင်တွေလေ..... ကြည့်ရတာ ငါ့ယောကျာ်း မိတ်ဆက်ပေးထားတဲ့ပုံပဲ
အဟင်းဟင်း ..... "

တဟင်းဟင်းနဲ့ နားကြားပြင်းကပ်အောင် ရယ်နေသော ချယ်ရီကေသာကို ပိုးရုံ နောက်မှာထားခဲ့ကာ သူတို့သားအဖဆီပဲ ထွက်လာခဲ့လိုက်သည်။

သားက သူမကို မြင်တာနဲ့ သူမလက်ကလေးကို လာဆွဲ၏။

ပိုးရုံအားလုံးရဲ့ ရှေ့မှာပဲ သားရဲ့ နဖူးလေးကို ငုံ့နမ်းလိုက်ပြီး ....

"သား .... ညက အိပ်လို့ရော အဆင်ပြေရဲ့လား.... "

"အဆင်ပြေတယ်မာမီ ....သားလဲ ခရီးပန်းလာလို့ထင်တယ် ညက တစ်ချိုးထဲ အိပ်ပျော်သွားမိတာ .... "

သူမအား ပြုံးပြီး ပြောပြလာသော သားရဲ့ စကားလေးတွေကို နားထောင်ပြီး သားကိုလဲ ပိုးရုံ ပြန်ပြုံးပြလိုက်မိသည်။

ချယ်ရီကေသာကတော့ သူမတို့အနားသို့ရောက်လာကာ သားနဲ့ သူမကို နားမလည်နိုင်သည့် မျက်၀န်းတွေနဲ့ လာကြည့်သည်။

❤️ Love & Fortune ❤️Where stories live. Discover now