U••
~ Rooster's sick day ~
သူ့ပါးပြင်ကို တဖတ်ဖတ်ဖြင့်ထိတွေ့နေသော လက်သေးသေးလေးကြောင့် Kuroo နိုးလာခဲ့သည်။ ထိုလက်ဖဝါးလေးက သူ့ပါးပြင်ကိုခပ်ဖွဖွရိုက်နေသော်လည်း နာကျင်ရမည့်အစား Kuroo ယားစိယားစိသာခံစားရ၏။
သူမျက်လုံးဖွင့်ကြည့်လိုက်သည့်အချိန်၌ သူ့ကိုအပေါ်မှအုပ်မိုး၍စိုက်ကြည့်နေသော ရွှေဝါရောင်မျက်ဝန်းတစ်စုံနှင့်အကြည့်ချင်းဆုံသွားရသည်။ ပါးပြင်ပေါ်သို့ဖြာကျနေသော ရွှေဝါရောင်ဆံပင်များက ထိုကောင်လေး၏မျက်နှာဘေးနှစ်ဖက်၌အကာအကွယ်တစ်ခုအဖြစ်တည်ရှိလျက်။
အကြင်သူက Kuroo Tetsurou ၏ တရားဝင်ချစ်သူကောင်လေးဖြစ်ကြောင်း ပြောစရာပင်မလိုပါချေ။ Kuroo အိမ်သို့အတားအဆီးမရှိဝင်နိုင်ထွက်နိုင်သည့်ထိုသူက နှစ်ပေါင်းများစွာသူငယ်ချင်းဖြစ်လာခဲ့ရာမှ အဆင့်ကျော်၍သူ့ချစ်သူဖြစ်လာခဲ့သည့် Kozume Kenma ပင်။
Kuroo ကိုစူးစမ်းသကဲ့သို့ကြည့်နေသော ကြောင်မျက်ဝန်းလေးများက အသည်းယားဖွယ်။ သူ့အပေါ်ရောက်နေသော Kenma အား ခါးမှကိုင်ဆွဲ၍ သူ့ရင်ခွင်ထဲသို့ Kuroo ဆွဲသွင်းလိုက်မိသည်။
ရုတ်တရပ်ကြီးဆွဲချခံရမည်ဟုထင်မထားသည်မို့ Kenma လည်းလန့်သွားပုံပင်။ ထို့နောက် သက်ပြင်းတစ်ချက်ချ၍ Kuroo ရင်ဘတ်ပေါ်၌ခေါင်းမှီထား၍ ငြိမ်သက်နေလေ၏။
"ဘာလို့ဒီရောက်လာတာလဲ?"
Kuroo အမေးကြောင့် Kenma ခေါင်းတစ်ချက်မော့ကြည့်လာသည်။
"မင်းငါ့ဆီမလာလို့..."
Kuroo တစ်ချက်မျက်ခုံးပင့်သွားရသည်။ ပုံမှန်အားဖြင့် မနက်မိုးလင်းသည်နှင့် Kuroo က Kenma အိမ်သို့ရောက်နေတတ်၍ Kenma နှင့်အတူဂိမ်းဆော့ခြင်း သို့မဟုတ် စာအုပ်ဖတ်ခြင်းမျိုးလုပ်တတ်၏။ သို့သော်လည်း ယခုသူမနိုးသေးသည်မို့မလာခြင်းပင်။
မသင်္ကာစွာဖြင့် နာရီကိုလှမ်းကြည့်မိတော့ ၁၀ နာရီထိုးအတိဖြစ်ကြောင်းမြင်လိုက်ရသည်မို့ Kuroo အနည်းငယ်တော့အံ့သြသွားရသည်။ သူကပုံမှန်ထိုအချိန်လောက်ထိအိပ်တတ်သောလူစားမျိုးမဟုတ်ပါချေ။ ယနေ့ညကျမှ တစ္ညလုံးမနိုးပဲ Kenma ရောက်လာမှသာမျက်လုံးပွင့်လာခဲ့သည်။
YOU ARE READING
Haikyuu One shots
FanfictionHaikyuu Myanmar fanfics (One/two shots) Bokuaka,Kuroken,Iwaoi,SakuAtsu,KitaAtsu,Kagehina,Tsukkiyama etc.