arc(1.1)

297 41 0
                                    

(ကရဏ)

ကရဏ လည်း သူ၏မှတ်ဉာဏ်များကိုပြန်ကြည့်နေလိုက်သည်။မူပိုင်ရှင်၏မှတ်ဉာဏ်များအရ..ကရဏမှာတဦးတည်းသောသားဖြစ်ပြီးအချစ်ခံလေးဖြစ်သည်။ကရဏမှာငယ်စဥ်ကတည်းကျန်းမာရေးချူချာသောကြောင့်မိဘများကပိုးမွေးသလိုမွေးထားကြရသည်။ထိုသို့သောသူကဖခင်ဆုံးပြီးနောက်မိခင်ကြီးကိုလုပ်ကြွေးပြုစုရတာဟာလွယ်ကူသောအလုပ်မဟုတ်ပေ။ဒါပေမယ့်ကရဏကမညည်းညူခဲ့ပေ။မိခင်ဆုံးပြီးမကြာခင်မှာဘဲကရဏလည်းသေဆုံးခဲ့သည်။

မူလပိုင်ရှင်နှင့်ဘရဏီတို့သည်ငယ်သူငယ်ချင်းများဖြစ်သည်။ဘရဏီ၏ဖခင်မှာအနုပညာအမတ်ဖြစ်ပြီး စစ်ဗျူဟာအမတ်ကြီးသုနဠနှင့်သူငယ်ချင်းများဖြစ်ကြသည်။
ပြောရရင်..ကရဏနှင့်ဘရဏီတို့မှာစကားနဲ့စေ့စပ်ထားသူများဟုဆိုနိုင်ပေသည်။ဒါပေမယ့်ကရဏနှင့်ဘရဏီမှာ မောင်နှမလိုသာခင်မင်ကြသည်။

ဘရဏီသေသွားတုံးက မူလပိုင်ရှင် အတော်စိတ်ထိခိုက်ခဲ့သည်။

"ကောင်းပြီ..ဘရဏီ..ငါကအခု..ကရဏဖြစ်နေပြီဆိုတော့မင်းကိုဂရုစိုက်ပေးမယ်''

ကရဏ အခုရောက်နေချိန်က ပန်းပွဲတော်စဖို့တစ်လအလို အရာအားလုံးမဖြစ်ပျက်သေးခင်။

"အရာအားလုံးကိုပြောင်းလဲဖို့ဘယ်လိုလုပ်ရမလဲ?''

"..?..!!!''

"ဧကရာဇ်မင်းကနေစရမှာပေါ့!!''

ဝိမုရိယတိုင်းပြည်ရဲ့ဧကရာဇ် ၁၆နိုင်ငံရဲ့အာဏာရှင်။အသက်၁၆ နှစ်နဲ့နန်းတက်ခဲ့ပြီးနိုင်ငံ၁၆နိုင်ငံကိုသိမ်းပိုက်အောင်မြင်ခဲ့တဲ့သူ။
ဓညမင်းထင်က စစ်ပွဲဘုရင်ဆိုရင် ဧကရာဇ်စစ်ပွဲနတ်ဘုရားပင်။အခုဧကရာဇ်ကအသက်၂၁ရှိပြီဖြစ်ပြီး နန်းသွေးဟူ၍တစ်ယောက်မှမရှိသေးပေ။သို့သော်ထိုသူ၏မောင်းမဆောင်ထဲတွင်မြို့အသီးသီးတိုင်းအသီးသီးမှအလှထွဋ်ခေါင်များပုံလို့နေသည်။

ဓညမင်းထင်က..ကာမဂုံစိတ်ကုန်ခမ်းနေသူ...ဟုခေါ်ဝေါ်သမုတ်ခံရချိန်တွင်မင်းဧကရာဇ်သည်...နှလုံးသားအခွံဗလာနှင့်နတ်ဆိုးမှလူယောင်ဆောင်သူ..ဟုတိုင်းပြည်၌သာမကလက်အောက်ခံ၁၆နိုင်ငံတစ်ဝှမ်းတွင်တိုးတိုးကြိတ်ကြိတ်ပြောဆို
လျက်ရှိသည်။သွေးအေးရက်စက်မှုအပေါင်းသရဖူကိုသက်တမ်းတစ်တစ်ခုလုံးခန့်ခန့်ညားညားကြီးကိုဆောင်းထားသူပင်...

ဝိညာဉ်ကြင်ဖက်(System)Where stories live. Discover now