part1

11 4 0
                                    

တိတ်ဆိတ်မှောင်မိုက်လွန်းတဲ့ ညအလယ်မှာ မိန်းကလေးငယ်
တစ်ယောက်ဟာ လက်ထဲကဖုန်းရဲ့အလင်းရောင်ကို အားပြုရင်း

စေတမာန် ခြံဝင်းထဲမှာရှိတဲ့ အိမ်မကြီးရဲ့အနောက်ဘက် ခပ်လှမ်းလှမ်းမှာရှိနေတဲ့ ဂိုထောင်ဆီကို သူမရဲ့ခြေလှမ်းတွေက ဦးတည်နေခဲ့တယ်။

သူမနာမည်က "နွေအရိပ်"

နွေမိမိရှေ့က အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ မိန်းကလေးရဲ့
ခေါ်ဆောင်ရာနောက်ကို တိတ်တဆိတ်လိုက်ပါခဲ့တယ်။

"ချောက်!"

နွေ သော့ခတ်ထားတဲ့ ဂိုထောင်တံခါးကို ဖျက်ပြစ်ပြီး
ဂိုထောင်ထဲကို အဖြူရောင်ဝတ်စုံနဲ့ အမျိုးသမီးလေးရဲ့ ခေါ်ဆောင်ရာ နောက်ကိုလိုက်နေခဲ့တယ်။

ဂိုထောင်ကကျယ်ဝန်းပြီး အိမ်သုံးပစ္စည်းတွေနဲ့ သစ်သား အဟောင်းတွေ စုထားတာက ပိုများနေတယ်။

နွေရဲ့ရှေ့က အဖြူရောင်ဝတ်စုံနဲ့ မိန်းကလေးက သစ်သားတွေစု
ပုံထားတဲ့ တစ်နေရာကို လက်ညှိုးထိုးပြနေတယ်။

နွေက အဲ့မိန်းကလေးညွှန်ပြရာနေရာကို လျှောက်အလာမှာ အဖြူရောင်ဝတ်စုံနဲ့ မိန်းကလေးက ရုတ်တရက်ပျောက်ကွယ် သွားတယ်။

"ဒုတ်!"
နွေ အနောက်ကနေ တစ်ခုခုနဲ့ခေါင်းကိုအရိုက်ခံရပြီး မေ့လဲသွားတော့တယ်။

နွေ နိုးလာတော့ သူမမျက်လုံးတွေကို အားယူဖွင့်ကြည့်ရင်း သူမရောက်နေတဲ့ နေရာကို တစ်ချက်လေ့လာ ကြည့်လိုက်မိတယ်။
စေတမာန် အိမ်က သူမနေတဲ့အခန်းထဲကို ပြန်ရောက်နေတာပဲ။

နွေ ထဖို့ကြိုးစားတဲ့အချိန် ခြေထောက်မှာ ချည်ထားတဲ့ သံကြိုးကို
တွေ့လိုက်ရတော့ နွေဒေါသေထွက်သွားရသလို ခြေထောက်က သံကြိုးကို ဖြုတ်ဖို့ကြိုးစားပေမယ့် အရာမထင်ခဲ့ဘူး။

"အားတွေအလကားသုံးပြီး အပင်ပန်းခံပြီး သံကြိုးကို ဖြည်မနေပါနဲ့ အရိပ်"

"အရိပ်...ဟုတ်လား"

တမာန် ကမိမိလက်ထဲက သော့ကိုမြောက်ပြရင်း အရိပ်နားလျှောက်လာတယ်။

ချစ်ရပါသော...နွေအရိပ်Where stories live. Discover now