"ဟုတ်တယ် အဲ့အကြည့်တွေပဲ အရိပ် မာန်ကလေ သူ့ညီမငါ့ကို
သူမရဲ့နောက်ဆုံးအချိန်မှာ ကြည့်သွားတယ်လေ""ငါက သူနဲ့ငါ့ရဲ့အရိပ်လေး လက်ထပ်ပွဲကို တက်စေချင်တယ်တဲ့လေ"
နွေ သူမရှေ့က အရူးတစ်ယောက်လို စကားတွေ မရပ်မနားပြောနေတဲ့ တမာန်ကို စိတ်ပျက်ရွံရှာပြီး အရမ်းမုန်းတီးပြီး
သတ်ပစ်ချင်လောက်အောင်ထိပဲ။"နင့်ရဲ့စကားတွေကို ငါငြိမ်ပြီးနားထောင်နေတယ်ဆိုက ငါ့ချစ်သူကို နင် ဘာလုပ်လိုက်သလဲ ဆိုတာကို သိချင်လို့ပဲ တမာန် "
"ဒါကြောင့် မဆိုင်တဲ့စကားတွေပြောပြီး အချိန်ဖြုန်းမနေနဲ့ လိုရင်းကိုပဲ မြန်မြန်ပြောရင် ပိုကောင်းမယ် တမာန်"
တမာန်စိတ်တိုနေတဲ့ အရိပ်ရဲ့ နှုတ်ခမ်းလေးကို နမ်းပြီးအရိပ်ရဲ့စကားသံတွေကိုရပ်ပစ်လိုက်တယ်။
နွေ ဘယ်လိုပဲရုန်းကန်ပါစေ သူမထက်အင်အားသာနေတဲ့ တမာန်ရဲ့လက်ထဲမှာ တမာန်ပြုသမျှနုနေရတဲ့ဘဝ။
နမ်းနေတာကိုရပ်ပြီး တမာန် အရိပ်ကို သူမရဲ့ရင်ခွင်ထဲဆွဲဖက်ထားပြီး စကားကိုဆက်လိုက်တယ်။"ကိုယ့်ရဲ့အရိပ်ကလေး သိချင်တဲ့ကိစ္စကိုပြောမှာပေါ့ သေချာနားထောင်နော် အရိပ်လေး"
တမာန်က အစီအစဥ်အတိုင်း အစ်မဖြစ်သူရဲ့လက်ထပ်ပွဲမတိုင်ခင်ညမှာ စေတမာန်ရိပ်မြုံရဲ့ ခြံဝန်းထဲကို ဘယ်သူမှမတွေ့အောင် ခိုးဝင်လာခဲ့တယ်။
အိမ်နောက်ဘေးတံခါးကနေပဲ အိမ်ထဲကိုဝင်လာပြီး အစ်မဖြစ်သူရှိနေတဲ့ အခန်းကို ခြေသံဖွပြီးချဥ်းကပ်လာတယ်။
မာန်က ညဆိုအခန်းတံခါးကိုသေချာ လော့ချပြီးမှ အိပ်တတ်တာကို သူမသိပ်သိတာပေါ့ ဒါကြောင့်လည်း တမာန်က အစ်မရဲ့အခန်းသော့ကို ပုံစံတူပွားထားတာလေ။"ဘယ်သူလဲ"
အအိပ်ဆတ်တဲ့ မာန်က တမာန်ရဲ့ခြေသံကြားတာနဲ့ နိုးလာပြီး
သူမအခန်းထဲကို ဝင်လာတဲ့သူကို ဘယ်သူလဲဆိုပြီး မေးလိုက်သလို လက်ကလည်း ကုတင်ဘေးက စားပွဲပေါ်မှာရှိနေတဲ့
မီးဆောင်းခလုတ်ကို ဖွင့်လိုက်တော့...
YOU ARE READING
ချစ်ရပါသော...နွေအရိပ်
Fantasyကိုယ်ကစိတ်ထွက်ပေါက်အနေနဲ့fbမှာ စာလေးအနည်းငယ်ရေးနေတဲ့သူပါ။ wpမှာတင်ဖို့တော့ တစ်ခါမှမစဥ်းစားဖူးပေမယ့် အခုက wpမှာ တင်ပေးဖို့ တောင်းဆိုလာတဲ့သူလေးရှိလို့ တင်ကြည့်တာပါ။ ဖတ်ပေးပါလို့မတောင်းဆိုပါဘူး။ ဒါပေမယ့်လာမတိုက်ခိုက်ပါနဲ့လို့တော့ ကြိုပြီးအသိပေးထားပါ့မယ...