"ချစ်ရပါသော...ငယ်"
ပန်းရိပ်ငယ် ကားရပ်ထားတဲ့ ခြံဝန်းကျယ်ကြီးကို တမေ့တမောနဲ့ငေးကြည့်မိတယ်။
ဟုတ်ပါရဲ့ သူမနဲ့လက်ထပ်ထားတဲ့ အမျိုးသမီးက သာမန် အမျိုးသမီးတစ်ဦးမှ မဟုတ်တာလေ။ပန်းရိပ်ငယ်ဆိုတဲ့သူမ ဘဝထဲကို မုန်တိုင်းတစ်ခုလို အမှတ်မထင် ဝင်ရောက်လာတဲ့အမျိုးသမီးနာမည်က ကြည်ပြာရောင် တဲ့လေ...
ပန်းရိပ်ငယ် သူမတို့ခြံထဲမှာရပ်ထားတဲ့ မော်ဒယ်မြင့် ကားအပြာရောင် လေးကိုတွေ့တော့ သူမတို့အိမ်ကို ထူးဆန်းတဲ့ ဧည့်သည် ရောက်နေပြီ ဆိုတာတော့ သိလိုက်ပါတယ်။
သာမန်ဆို ပန်းတို့အိမ်ကိုလာတဲ့ ဧည့်သည်တိုင်းက တက္ကစီစီးလာတဲ့
သူတွေသာများတယ်လေ။ဧည့်ခန်းထဲကိုဝင်လာတဲ့ပန်းကိုမြင်တာနဲ့ မေမေက ပန်းနဲ့ဧည့်သည် အမျိုးသမီးကို မိတ်ဆတ်ပေးတယ်လေ။
"ကြည်ပြာလေး ဒါက အန်တီသမီးလေး ပန်းရိပ်ငယ် သမီးရဲ့ ဇနီးလောင်းလေးပေါ့"
ပန်း မေမေရဲ့စကားကြောင့် မေ့မေ့မျက်နှာကို မယုံနိုင်သလိုကြည့်မိတော့ မေမေက ပန်းရဲ့လက်ကိုဆွဲပြီး မေ့မေ့ဘေးက ခုံမှာထိုင်စေတယ်။
"ဟုတ်တယ်ပန်း သမီးကို မေမေ ကြည်ပြာလေးနဲ့လက်ထပ်ဖို့ စီစဉ်ထားပြီးပြီ
သမီးအတွက်တော့ ရုတ်တရက်ဖြစ်ရင်ဖြစ်သွားမယ် မေမေကတော့ ဒီမဂ်လာပွဲကို စီစဉ်ထားတာ လွန်ခဲ့တဲ့3နှစ်လောက်ထဲကပဲ ပန်း"ပန်းဟာ သူမရှေ့မှာရှိနေတဲ့ အမျိုးသမီးကို ကြည့်လိုက်တော့
"ငယ်လိုပဲ မ လည်းဒီကိစ္စကိုသိသိချင်း အံ့သြမိပေမယ့် မ မေမေရဲ့ နောက်ဆုံးဆန္ဒကို မ လည်းမလွန်ဆန်ချင်ဘူး"
ကြည်ပြာ သူမရှေ့က ကောင်မလေးကိုမြင်တော့ သူမနှလုံးသားရဲ့ အသည်းတစ်ခြမ်းကို ရှာတွေ့ခဲ့ပြီဆိုတာတော့သေချာပြီ....
"ပန်းမှာချစ်သူရှိတယ်မေမေ ပန်းချစ်သူကိုလက်ထပ်ဖို့ရည်ရွယ်ထားတဲ့ကိစ္စလည်း မေမေသိနေတာကို ဘာကြောင့် ဒီမိန်းမနဲ့လက်ထပ်ပေးဖို့ကို စီစဉ်ပေးရက်တာလဲ ပြီးတော့ ပန်းကမိန်းကလေးတစ်ယောက်ကို
ဘယ်တော့မှ လက်ထပ်ဖို့စဉ်းစားမှာတောင် မဟုတ်ဘူး"
YOU ARE READING
ချစ်ရပါသော...ငယ်
Fantasyချစ်ရပါသော...ငယ် ကိုအရင်ကစာစုရှည်အနေနဲ့ရေးဖူးထားပါတယ်။ အခုကone shrotအဖြစ်နဲ့ပြန်ပြီး ငယ်ကိုအသက်ပြန်သွင်းထားတာပါ။ အပိုင်းကနှစ်ပိုင်းထဲပါမှာပါနော်။