Playlist 13

108 8 2
                                    

နှစ်ယောက်သားညက‌အပျော်တွေလွန်ပြီးဟောတယ်ကိုမနက်၃နာရီမှပြန်ရောက်ကြတယ်။ ၂ယောက်တည်းသွားတာဆိုတော့၂ခန်းမငှားတ့ဘဲတစ်ခန်း၂ကုတင်အခန်းပဲယူထားလိုက်သည်။ Park Jiminကတော့အရင်ဆံုးအခန်းထဲဝင်၊သန့်ရှင်းရေားလုပ်ပြီးတာနဲ့တစ်ချိုးတည်းကိုအိပ်သွားတာပဲ။ Laundryတွေလုပ်ပြီးတော့မှဝင်လာတဲ့Jungkook၊ အိပ်ရာပေါ်မှာကြွကြွလေး‌အိပ်နေသောလူသားလေး။
Jungkookသည်Jiminကိုမှင်သက်စွာနဲ့ကိုကြောင်ပြီးကြည့်နေမိသည်။ လက်ပေါ်ကLaundryဘံုးကြီးခြေထောက်ပေါ်ပြုတ်ကျတော့မှစိတ်ကကိုယ်နဲ့ပြန်ကပ်တော့တယ်။
Jungkookသည်တိုးတိုးသာသာခြေဖျားလေးပဲထောက်ကာJiminကုတင်ရဲ့ဘေးစောင်းလေးမှာဖွဖွလေးထိုင်လိုက်သည်။
ပြီးတော့မှပါးစပ်ကနေဖွဖွလေး
"ငါ့ရဲ့နတ်သားလေး၊ငါ့ရဲ့ကလေးငယ်ရယ်၊မင်းကပြည့်ဆံုလွန်းလို့မင်းကိုသေးသေးလေးလုပ်ပြီးအိတ်ကပ်လေးထဲထည့်သိမ်းထားလိုက်ချင်တယ်၊မင်းကတကယ့်အလှနတ်ဘုရားလို့ပြောရင်သွေးထွက်လောက်အောင်မှန်နေတယ်။ မင်းကိုသိန်းချီသန်းချီပေးပြီးယူပါ့ရစေလို့လာတောင်းခဲ့ရင်တောင်မပေးနိုင်ဘူး၊ခေးလေးကိုကျွန်တော့်ဘဝနဲ့တောင်တန်ဘိုးမဖြတ်နိုင်ဘူး။အပြင်ဘက်မှာတော့အေးဆက်နေပေမဲ့ကျွန်တော့်ရင်ခွင်လေးဟာနွေးထွေးနေပါတယ်။ "
လို့ပြောပြီးတာတောင်သူ့မှာသဘောတွေကျလွန်းလို့Jiminနှုတ်ခမ်းလေးပေါ်တစ်ကြိမ်ဖပ်မံနေရာယူကာဖွဖွလေးနမ်းလိုက်သည်။
Jiminလေးကတော့ပင်ပန်းလွန်းလို့အိပ်မောတွေကျ၊Jungkook ကတော့Park Jiminရဲ့နှုတ်ခမ်းလေးပေါ်မှာသာမိန်းမောနေခဲ့။
နောက်နေ့မနက်ကြတော့အိမ်ပြန်ချိန်တန်ခဲ့ပြီလေ၊အမှတ်တရများစွာနဲ့စခဲ့တဲ့ခရီးလေးနိဂံုးချုပ်ဖို့အချိန်ဖြစ်သည်။
နှစ်ယောက်သားအိမ်‌ပြန်ရောက်တော့အထုပ်ကိုယ်စီဖြည်ကာနှစ်ယောက်သားထမင်းစားချိန်မှလွဲပြီးစကားတောင်မပြောနိုင်ခဲ့။ ညရောက်တော့လည်းတစ်ရက်လံုးပင်ပန်းထားတာမို့၊နှစ်ယောက်သားဘာမှမပြောနိုင်ဘဲကိုယ့်အိပ်ရာကိုယ်စီဝင်သွားကြသည်။
နောက်နေ့မနက်ကြတော့ထံုစံအတိုင်းJungkookသည်မနက်စာကိုတစ်ရက်နှင့်တစ်ရက်မထပ်အောင်ကိုချက်ပြုတ်ပေးထားသည်။ Jiminသည်စားပြီးတာနဲ့SNUကိုလမ်းလျှောက်သွားသည်။
ကျောင်းမှာလည်းVကိုရသမျှရှောင်နေခဲ့သည်၊တည့်တိုးရင်တောင်တစ်ဖက်လှည့်ပြီးပဲထွက်သွားလိုက်သည်။
ကျောင်းဆင်းတော့Jiminသည်ကျောင်းအပေါက်ဝမှာJungkookလာကြိုတာကိုတွေ့၍လက်လှမ်းပြကာထွက်လာမယ်ကြံတုန်းVသည်Jiminရဲ့လက်ကလေးကိုအနောက်ကနေလှမ်းဆွဲလိုက်ကာ
V:"Jimin၊နင်ငါ့ကိုမုန်းနေမှန်းငါသိပါတယ်ဟာ၊ဒါပေမဲ့ငါနင်နဲ့သူငယ်ချင်းဆက်ဖြစ်ချင်သေးတယ်၊ပြီးတော့နင်ငါရှင်းပြတာနားထောင်ပါအုန်းနော်"
Jimin:"ငါ့လက်ကိုလွှတ်လိုက်၊နင်နဲ့စကားပြောဖို့ငါ့မှာပြောစရာစကားမရှိဘူး၊နင့်ရဲ့စာစီထားတဲ့ဝန်ခံချက်ကြီးကိုလည်းငါနားမထောင်နို်င်ဘူး။ "
V:"ခနလေးပါဟာ.."
စကားမဆံုးသေးခင်မှာပဲJungkookသည်Vကိုဆောင့်တွန်းလိုက်သောအရှိန်ဖြင့်အနောက်ကိုလွှင့်ထွက်သွားသည်။
Jungkook:"နင်Jiminပြောတာမကြားဘူးလား၊သူနားမထောင်ချင်ဘူးလို့၊ငါ့အတွက်Park Jiminရဲ့စကားလံုးတစ်လံုးချင်းစီတိုင်းကငါ့အတွက်အမိန့်တစ်ခုပဲ။"
V:"Jungkookနင်နဲ့ဘာမှမဆိုင်ဘူး၊နင်ကစက်ရုပ်သက်သက်ပဲ"
Jimin:"စက်ရုပ်ဆိုပေမဲ့သူကနင့်ထက်လူတစ်ယောက်ကိုကိုယ်ချင်းစာစိတ်ရှိတယ်။Jungkookကဆိုင်တယ်၊ဘာလို့လဲသိလား၊သူကငါ့ရည်းစားမို့လို့။ "
Jiminဖို့ထိုစကားလံုးများသည်ခက်ခဲစွာထွက်သွားသည်။ သူJungkookကိုမကြိုက်လို့မဟုတ်၊တချိန်ကသူအရမ်းကြိုက်ခဲ့ပါတယ်၊ချစ်ခဲ့ပါတယ်ဆိုတဲ့လူကနောက်ကျောကိုဓါးနဲ့ထိုးသွားတာကြောင့်၊Jungkookသည်‌သူ့ဟာသူ‌သာပျော်နေတာ၊Jiminကသူ့ကိုအစားထိုးခံဖြစ်သာအသံုးချနေတာ။ အော်အချစ်စစ်တွေမှာလူတစ်ယောက်ကိုအရမ်းချစ်လာတဲ့အခါထိုလူတစ်ယောက်ရဲ့နာကျည်းမှုတွေကိုပါချစ်မိနေခဲ့တာပဲ။

သတ္တုနှလံုးသား🤍Completed🤍Where stories live. Discover now