မနက်လင်းတော့ ...... ချစ်ရသူလေးကအရင်လိုရင်ခွင်ထဲမှာရှိမနေတာကြောင့် ရုတ်တရက်စိတ်ပူသွားမိသည်။
မင်းကြီး/ ကျန့်ကျန့်ရေ ကျန့်ကျန့်
ဒုန်း(တံခါးဖွင့်သံ) အထိန်းတော်ကြီး ကျန့်ကျန့်ဘယ်ရောက်သွားတာလဲ!!မင်းကြီး၏ဒေါသသံတစ်ဝက်စိတ်ပူသံတစ်ဝက်ရောနေသော
အသံကြောင့်အထိန်းတော်လေးခဗျာနေစရာနေရာပင်မရှိပေ။ကျန့်ကျန့်/ ဘာတွေဖြစ်နေတာလဲမင်းကြီး
စောစောစီးစီး အော်ဟစ်ဆူညံနေတာပဲရုတ်တရက်နောက်ကျောဘက်မှအသံလေးကြောင့်
စိတ်ထဲကြည်နူးမှုတို့ကလှိုင်ခနဲခဏကမင်းကြီးရုပ်နဲ့လားလားမျှမတူပဲပြုံးပျော် ရွှင်မြူးစွာ
နန်းဆောင်တံခါးကိုပိတ်ပြီးနန်းဆောင်ဘက်ပြန်ဝင်သွားသောမင်းကြီးရယ်ပါအထိန်းတော်ကြီးမှာတော့မိဖုရားလေးကို
ကျေးဇူးတင်မိလေသည်
မဟုတ်လျှင်ခေါင်းပေးရမည့်အဖြစ်မဟုတ်ပါလား
မိဖုရာလေးနန်းဆောင်ထဲကထွက်လာတာ
မမြင်ပါဘူးလို့ပြောလဲ
ဒါလေးတောင်မသိရကောင်းလားဆိုပြီး
လွတ်မည်မဟုတ် တော်သေးသည်ဆိုရမည်။
မင်းကြီး/ ကိုယ်တော်နိုးတော့ကျန့်ကျန့်မရှိလို့
စိတ်ပူသွားတာပဲ ဒါနဲ့အဲ့တာကဘယ်သွားမလို့လဲအရပ်သားဝတ်စုံကိုသေသပ်လှပစွာ
ဝတ်ဆင်ထားသောကြောင့်အရင်နဲ့မတူပဲ
တမူထူးခြား၍လှနေသောထိုလူသားကို
မနေနိုင်စွာမေးလိုက်မိတော့.....ကျန့်ကျန့်/ ဒီနေ့နန်းပြင်ထွက်မို့ပါမင်းကြီးရဲ့
နန်းပြင်ကပြည်သူတွေရဲ့ဘဝကိုလေ့လာချင်လို့
သူတို့ဘာတွေလိုအပ်နေတယ်
ဘာတွေဖြစ်နေတယ်ဆိုတာသိရမှဖြစ်မယ်မလားမင်းကြီး/ ဟင် ကိုယ်တော်လဲဘာမှမသိရပါလား
ကျန့်ကျန့်/ အင်းဟုတ်တယ် ညကမှဒီအကြံကိုစဉ်းစားမိလိုက်လို့ ဟီးဟီး
မင်းကြီး/ ကျန့်ကျန့်တစ်ယောက်တည်းလား အဲ့ဆိုကိုယ်တော်စိတ်မချဘူးနော်
ကျန့်ကျန့်/ တစ်ယောက်တည်းမဟုတ်ပါဘူး
ကိုယ်ရံတော်ရွှမ်ယမ်ကိုခေါ်သွားလိုက်မယ်လေ
မင်းကြီးကတော့ညီလာခံကြောင့်မအားရင်မလိုက်နဲ့ရပါတယ်
ကျန့်ကျန့်က ကလေးလေးမှမဟုတ်တာ
တစ်ယောက်တည်းဆိုရင်တောင်ဘာစိတ်မချစရာရှိလို့လဲ
