မူးနောက်ရီဝေနေသော မနက်ခင်းအစသည်
သေချာပေါက် ညက သောက်စားခြင်းဒဏ်...ရီဝေဝေ မျက်လုံးများသည် ဝိုးတဝါးအမြင်အာရုံဖြင့်သာ....ဖြေးဖြေးစီ ဖွင့်ဟကြည့်ရာ
မရင်းနှီးတဲ့ ကိုယ်နံ့နှင့်
ခပ်နွေးနွေး လက်မောင်း တစုံကို သူကိုယ်တိုင် အပိုင် ရစ်ပတ်ထားမိကြောင့်သိရှိသွားရာ ဆောနူ ခေါင်းနပန်းကြီးသွားသည် ။ဆောနူ မှတ်မိသည်မှာ နောက်ဆုံး ဆောင်ဟွန်း နဲ့အတူရှိခဲ့တာဖြစ်ပြီး...ဆောင်ဟွန်း သည် ဒီနေရာမှာ ရှိနေမည့် လူမျိုးလုံးဝမဟုတ်...
ရုတ်ချင်းဆိုသလိုပင် ထိုလက်မောင်းပိုင်ရှင်ကို အားဖြင့်တွန်းချမိလိုက် သည် ။
ဝုန်းး...
'' Shit!! ဘာကောင်လဲ ''
'' အား...ကျစ်! ဆောနူ ''
ခါးတဖက်ကို ကိုင်ကာအလူးအလဲကုန်းရုန်းထလာသော အိပ်မှုန်စုန်မွှား မျက်နှာပိုင်ရှင်
'' ဟင်? အစ်ကို...မဟုတ် သေးပါဘူး
ဘယ်ကဘယ်လို ဒါက? ?''ကိုယ့်ကိုယ်အလူးလဲ ပြန်စစ်ဆေးမိသည် ။
အီဟီဆွန်း ကဘယ်ကဘယ်လိုလဲ ။
ဆောနူတို့ပြသနာရှာမိပြန်ပြီထင်တယ် ။နားဖျားတွေနီလာပြီးနောက်တွင် ဆောနူ တယောက် အကြည့်တွေရှောင်ဖယ်ကာ နေမရထိုင်မရ ဖြစ်လာရသည် ။
အပေါ်ဝတ် ကုတ်ကို သေချာ သပ်သပ်ရပ် ရပ်
ပြင်ဆင်ကာ...ဘေးတဖက်ဆီ လျောက်လှမ်းရင်းဖရိုဖရဲ ဖြစ်နေသော ဆောနူ ဆံပင်တွေကို
ဟီဆွန်း အသာယာပြုပြင်ပေးရင်း...'' စိတ်မပူပါနဲ့ မင်းတွေးသလို ဘာမှမဖြစ်ခဲ့ဘူး ဒီတိုင်း မင်းဆွဲထားခဲ့လို့ ဘေးမှာ ရှိနေ.မိသွားတာ ''
'' ကျွန်တော်ကလား? ဆွဲထားတာ ''
ဆောနူ အသောက်အစားတွေလျော့မှဖြစ်မည်
လုံးဝမမှတ်မိပါ သူကိုယ်တိုင် ကဆွဲခေါ်ထားခဲ့သည်တဲ့လား ။'' ကိုယ်မင်းကို စကားပြောဖို့စောင့်နေတာ ''
'' ပြောလေ ''
''နီခီ က ဆောနူကို ကိုကိုလို့ခေါ်တယ်နော် ''
'' ဟင်...??သူက? ?''
YOU ARE READING
𝑠𝑜 𝑖'𝑣𝑒 𝑡ℎ𝑟𝑒𝑒 𝑏𝑜𝑦𝑓𝑟𝑖𝑒𝑛𝑑𝑠
FanfictionHeesunsunki # Damn!that 's true.i've 3 boyfriends