-𝑓𝑟𝑎𝑖𝑠𝑒 𝑡𝑎𝑠𝑡𝑒 𝑙𝑖𝑘𝑒 𝑢 -

1.2K 65 6
                                    

#Unicode

- Fraise ဆိုတဲ့ပြင်သစ်စကားလုံးက စတော်ဘယ်ရီလို့အဓိပ္ပာယ်ရတယ် ။ စတော်ဘယ်ရီတွေဟာ ချိူခြင်းနှင့်ချဉ်ခြင်းဆိုတဲ့အရသာနှစ်မျိုးကိုတပြိုင်နက်ထဲပေးစွမ်းနိုင်ပြီး မနှစ်သက်သူမရှိသလောက်ရှားနိုင််မဲ့ ချစ်စရာကောင်းတဲ့နီနီရဲရဲအသီးကလေးတစ်မျိုးဖြစ်တယ်။ ဒါဆိုရင်ကိုယ်ကတော့ မင်းကိုစတော်ဘယ်ရီလေးနဲ့ခိုင်းနှိုင်းတင်စားတော့မှာပဲအချစ်ရေ . . နောက်ပြီးစတော်ဘယ်ရီနဲ့တူတဲ့မင်းကလည်းစတော်ဘယ်ရီတွေကိုသိပ်ကြိုက်တာမဟုတ်လား -

.

.

.

တစ်နေ့တာလုံးရဲ့အချိန်တွေထဲအနှစ်သက်ဆုံးအချိန်ကိုပြောပါဆိုလျှင် ရှောင်းကျန့်အတွက်တော့နေရောင်ခြည်ဖျော့ဖျော့ဖြာကျလို့လတ်ဆက်တဲ့လေပြေညှင်းကိုသယ်ဆောင်လာချိန်ဖြစ်တဲ့မနက်ဦးပိုင်းကာလကလေးဖြစ်လိမ့်မယ် . .

မျက်စိအကျင့် ဝမ်းအချင့်ဆိုသလို လင်းရောင်ခြည်ကလောကကြီးထဲသို့ စတင်ဝင်ရောက်ပြီးမနှောင်းမနှေးအချိန် နံနက်ခြောက်နာရီ'ဒေါင်'ဆိုတာနဲ့ သူ့ရဲ့မျက်လုံးတွေဟာ တစ်နေ့တာကိုစတင်ဖို့အတွက် ပွင့်လန်းလာမြဲ ။ မျက်စိနှစ်လုံးပွင့်တာနဲ့ရှောင်းကျန့်ပထမဆုံးလုပ်ဖြစ်တဲ့အလုပ်ဟာ အိပ်ယာထက်သူ့ဘေးဖက်ခြမ်းက စီလီကွန်စောင်ကြီးထဲနစ်မြှပ်ဝင်လို့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေဆဲရှိနေတဲ့ကောင်ငယ်လေးရဲ့နှာခေါင်းလုံးလုံး ပါးဖောင်းဖောင်လေးတွေကို အသာအယာဖိကပ်နမ်းရှုံ့ခြင်းဖြစ်တယ် ။

ကိုယ်လက်သန့်စင်ပြီးပြီဆိုတာနဲ့ နေ့စဉ်လုပ်ဆောင်နေကြတာဝန်တွေထဲကတစ်ခုဖြစ်တဲ့မနက်စာပြင်ဆင်ခြင်းအမှုကိုပြုရတော့မှာပင် ။ မနက်စာမပြင်ခင် ကျင်းကော်ရဲ့အစာခွက်ထဲ အစာခြောက်တွေထည့်ပေးရတာဟာလည်းပုံမှန်ပဲ ။

မနက်စာဟာအစာသုံးနပ်ထဲမှာမှ အရေးအကြီးဆုံးအနပ်ဖြစ်တာကြောင့် တတ်နိုင်သမျှသူက ဖွယ်ဖွယ်ရာရာနဲ့အဟာရရှိစေမဲ့ menu တွေကိုအချိန်ယူပြီးပြင်ဆင်နေကြ ။ လုပ်ရင်းကိုင်ရင်းအိပ်ယာထဲမှလူးလှိမ့်နေဦးမယ့်ကောင်လေးဆီ အတွေးအာရုံရောက်သွားတဲ့အခါတိုင်း ရှောင်းကျန့်ကခေါင်းတခါခါနဲ့လှစ်ခနဲနေအောင်ပြုံးနေမိတော့တာပဲ ။

𝐹𝑟𝑎𝑖𝑠𝑒 𝑇𝑎𝑠𝑡𝑒 𝐿𝑖𝑘𝑒 𝑌𝑜𝑢 ꨄWhere stories live. Discover now