# Unicode
- မင်းကဘယ်လိုပုံစံမျိုးပဲဖြစ်နေပါစေ . . ကိုယ့်အပေါ်နွေးထွေးသည်ဖြစ်စေ ၊ အေးစက်သည်ဖြစ်စေ ကိုယ်ကမင်းကိုသိပ်ချစ်ရပါတယ်. . .ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာတွေကိုတော့မင်းကလက်ခံပေးမယ်မဟုတ်လား . . . -
* * * * * *
နောက်ထပ်မိနစ်နှစ်ဆယ်လောက်ဆို ရှောင်းကျန့်တို့စီးနင်းလိုက်ပါတဲ့ Tokyo to Shanghai VIP airliner ဟာ Pudong International Airport ကိုဆင်းသက်တော့မှာဖြစ်တယ် ။ Non stop flight မို့duration 2နာရီနဲ့မိနစ်၄၀လောက်ပဲရှိတဲ့ခရီးကိုတောင်သူကသိပ်စိတ်မရှည်ချင် ။ခရီးလမ်းတစ်လျှောက်လုံးလည်း ရိပေါ်သူ့ကိုတွေ့လျှင်ဖြစ်သွားမဲ့ပုံစံလေးကို စိတ်ကူးနဲ့ပုံဖော်ကြည့်ရင်းရယ်လိုက်ပြုံးလိုက်လုပ်နေတာ တမှေးမှတောင်မရလိုက်။
တိုကျိုမှာ ရက် ၂၀ပဲနေခဲ့ပြီးသူအခုပြန်လာမှာကို ရိပေါ်ကိုကြိုအသိပေးမထားဘူး ။ ဟိုဘက်မှာမနက်ပိုင်းအလုပ်တွေပြီးတာနဲ့ပြန်ဖို့ကိုနောက်ရက်ကူးတဲ့ထိစောင့်မနေတော့ဘဲ ညနေflight နဲ့တန်းပြန်ခဲ့တာ ရိပေါ်ကိုsurprise ဖြစ်စေချင်လို့ဖြစ်သည်။
အိမ်ပြန်ရောက်ချိန်ကညပိုင်းလောက်ဖြစ်သွားမှာမို့ရိပေါ် ဆိုင်ကပြန်မရောက်သေးမှာကိုစိတ်ပူစရာမလို။.
.
.
ရှောင်းကျန့်အိမ်ကိုရောက်ချိန်ကြည့်လိုက်တော့ ၈:၁၅ ။အင်း . . ဒါကြောင့်လူတွေကပြောတာ ဘဝမှာဘာကိုမှကြိုတင်ပြီးမျှော်လင့်မထားဖို့ ... ။ မျှော်လင့်ထားသလိုဖြစ်မလာတဲ့အခါ စိတ်အလိုမကျဖြစ်ရမှာကိုယ်ကိုတိုင်ပဲလေ ။
အိမ်ထဲဝင် ဝင်လိုက်ချင်း ရှောင်းကျန့်ကိုကြိုဆိုလိုက်တာဟာ ရိပေါ်ဖြစ်မနေဘဲ ပိန်းပိန်းပိတ်အောင်မှောင်မဲနေတဲ့သူတို့ရဲ့ဧည့်ခန်းသာဖြစ်သည်။ရိပေါ်ကပြန်မလာသေးဘူးပေါ့ ? ဒါမှမဟုတ်ပြန်လာပြီးမှ ကိစ္စရှိလို့ပြန်ထွက်သွားတာများလား ?ဘယ်လိုပဲဖြစ်ဖြစ် မျှော်လင့်ထားသလို ရောက်ရောက်ချင်းရိပေါ်ကိုမတွေ့ရကြောင့်စိတ်ကအစောပိုင်းကလောက်ကြည်မနေတော့ ။ ဒါပေမယ့် ဒါကလည်းရိပေါ်အပြစ်မဟုတ်ပါဘူး သူ ပြန်ရောက်မယ်ဆိုတာရိပေါ်ကိုမှကြိုပြောမထားတာ ။ စိတ်ကိုတစ်ထစ်လျှော့ချလို့ ရိပေါ်ပြန်အလာကိုပဲစောင့်နေလိုက်တော့မည်။
YOU ARE READING
𝐹𝑟𝑎𝑖𝑠𝑒 𝑇𝑎𝑠𝑡𝑒 𝐿𝑖𝑘𝑒 𝑌𝑜𝑢 ꨄ
Fanfiction- 𝗛𝗲 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗮 𝗺𝗼𝗼𝗻 , 𝗽𝗮𝗿𝘁 𝗼𝗳 𝗵𝗶𝘀 𝘄𝗮𝘀 𝗮𝗹𝘄𝗮𝘆𝘀 𝗵𝗶𝗱𝗱𝗲𝗻 𝗮𝘄𝗮𝘆 -