"မိဝန်းရယ် ညည်းမောင် ကျောင်း ကပြန်မလာသေးပါလား၊ "
"အကြီးကောင်ကပြန်လာပြီး အမေ့သားအငယ်ကောင်ကဘာလို့ပြန်မလာသေးတာလဲ "
ခင့်လပြည့်ဝန်းမှာ လက်ထဲက မုန့်ဖတ်ထုပ်ထုပ်ရန်ကိုင်ထားသော ငှက်ပျောဖတ်ကြီးအားဆောင့်ခနဲချလို့ ငြူငြူစူစူဆိုမိသည်။ ထွန်းသူဟန် ကအမြဲအဲ့သလိုပင်။ ဘယ်အရာကိုမှအလေးအနက်မထားတတ်ဘဲ ပေါ့ပျက်ပျက်နိုင်သည်။ အခုလည်း ကျောင်းလွှတ်ချိန်တန်လို့ ကျောင်းသားတွေပြန်လာတာတောင် ထွန်းသူဟန် တစ်ယောက်ပြန်မလာသေး။ ထုံးစံအတိုင်း ခင့်လပြည့်ဝန်းပင် လိုက်ရပေအုံးမည်။
" အမေ အုန်းနဲ့သကြားနယ်ထားနှင့်။ သမီး အမေ့သားကိုသွားခေါ်လှည့်အုံးမယ်။ "
"အေးအေး။ လမ်းမှာလဲ အော်ဟစ်မနေနဲ့အုံး။ "
" အမေ့သားက မအော်ဘဲကောင်းကောင်းလိုက်လာတာဘယ်နှစ်ခါရှိလို့လဲ ၊ သွားအုံးမယ်။ "
ခင့်လပြည့်ဝန်းသည် သူ့အမေ၏ နင်တို့မောင်နှမတွေကိုလည်း ငါဘယ်လိုလုပ်ရပါ့ ဟူသောသည်းတွားသံကိုကျောခိုင်းလို့ ချန်ရစ်ခဲ့ လေတော့သည်။ သူ့ခြေလှမ်းတွေက လှည်းတန်းစျေးကြီးထဲရှိ စာအုပ်အငှားဆိုင်ထံသို့ဦးတည်လျက်။
အိုဟောင်းနေပြီဖြစ်တဲ့ဆိုင်ခန်းသေးသေးလေးထဲ ထွန်းသူဟန် တစ်ယောက်ကုပ်ကပ်ပြီးစာအုပ်ဖတ်နေတာတွေ့လိုက်ရတော့ ခင့်လပြည့်ဝန်းဒေါသက ငယ်ထိပ်သို့တိုင်ရောက်လုပြီ။
သူ့မှာတော့ မောင်နှတွေရဲ့ရှေ့ရေးအတွက်ကျောင်းထွက်လို့အလုပ်လုပ်သည်။ အခုတော့ သူ့မောင်က ကျောင်းမှာမရှိဘဲ အချိန်ပြည့်လေလွင့်နေသည်။ သူဘာအတွက်ပေးဆပ်နေတာလဲလို့တောင်သံသယဝင်မိသည်။
"ငထွန်း!နင်ကျောင်ပြေးပြန်ပြီလား"
ခင့်လပြည့်ဝန်းရဲ့ အသံစူးစူးကြောင့် ထွန်းသူဟန်အပါအဝင် ပတ်ဝန်းကျင်ရှိလူများ၏အာရုံကခင့်လပြည့်ဝန်းထံသို့ရောက်ကုန်တော့သည်။ ထွန်းသူဟန်ကတော့ အရမ်းကြီးစိတ်ပူမနေသည့်ဟန်။
" နင်အသံကြီးလျော့စမ်းပါ လပြည့်ရယ်။ ငါစာလုပ်နေတာနင်မတွေ့ဘူးလား။ "
YOU ARE READING
ချစ်ဦးသူပုံပြင် [ခ်စ္ဦးသူပုံျပင္ ]