သူ့ကို ကျနော် တွေ့တာ ပဲရစ်မြို့ရဲ့ လမ်းမ တစ်ခုပေါ်မှာပါ
အဲ့တုန်းကတည်းက သူ့မျက်ဝန်းမှာ ခိုအောင်းနေတဲ့ အညိုရောင်တွေကို ကျွန်တော် သတိထားမိခဲ့ပါတယ်။
လိပ်ပြာ ... လိုပဲ
တကယ်ပါ၊ သူက ... အညိုရောင် အဆင်းနဲ့ လိပ်ပြာလို လူတစ်ယောက်ပေါ့ ။ ဒါဟာ သူ့ကို စမြင်မြင်ချင်းမှာပဲ ကျွန်တော့်စိတ်ထဲ တွေးမိလိုက်တဲ့ အတွေးပါ။ညိုပီး မှုန်နေတဲ့ မျက်ဝန်းတွေ ၊ ခပ်အုပ်အုပ် ဆံနွယ်ခွေကလေးတွေက မျက်တောင်ဖျားတွေကို ထိတချက် လွင့်တချက် ၊ ဖျော့တော့ မှိုင်းညို့နေတဲ့ အဆင်းနဲ့ အညိုရင့်ရောင် ကုတ်အင်္ကျီ တစ်ထည်ထဲမှာ ဝင်ပုန်းနေတဲ့ လိပ်ပြာလို အသွင်သဏ္ဍာန် ရှိတဲ့ လူတစ်ယောက်ပါပဲ။ မဟုတ်ဘူးလား။ ကျွန်တော်ကတော့ အဲ့လိုပဲ ထင်ခဲ့တာပါ ။ ( ကျွန်တော့်အထင်ဟာ တစက်လေးမှ လွဲမှားမှုမရှိခဲ့ဘူးဆိုတာကိုတော့ နောက်များမှာ စိတ်ဝိညာဉ်တစ်ခုလုံးနဲ့ ရင်းပီး သိခွင့်ရလိုက်ပါတယ် )
သိပ်မှုန်တဲ့ မျက်ဝန်းတွေကို ငေးကြည့်မိချိန်တိုင်းမှာ ကျွန်တော်ဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ တိတ်တဆိတ် လွင့်မျောခဲ့ရသေးတယ်။
ထပ်ပီး ဘယ်လို ပြောပြရအုံးမလဲ သူ့ပုံစံက ... အင်း .. သိပ်ပြီး သဘောကျဖို့ကောင်းနေပါတယ်။ အဲ့ဒီထက်လည်း ပိုချင် ပိုနေအုံးမယ် ။
" ဖြူနေတဲ့ အခန်းမှာ မင်း ဘာတွေ့လဲ ဟာရူ "
" ကျွန်တော် ဘာကို တွေ့ဖို့လိုမလဲ ကင်မ် "
" မင်း စိတ်ထဲ ရှိရာ တွေ့လို့ရပါတယ် ... "
"ဒါဆို .... "
"အင်း .."
" ကျနော် ... လိပ်ပြာတစ်ကောင် တွေ့ပါတယ် "
အဲ့တုန်းက ကျွန်တော့် အဖြေဟာ လုံးဝဥဿဿုံ မမှားခဲ့ပေမယ့် လိုအပ်ချက်တွေ အင်မတန် ရှိခဲ့ပါရဲ့ ။
တကယ်ဆို ကျွန်တော် ဒီလို ဖြေခဲ့ဖို့ သင့်တယ်။
( ကြိုများ သိခဲ့ရင်ပေါ့လေ )"ကျွန်တော် ... လိပ်ပြာတစ်ကောင် တွေ့ပါတယ်
နှလုံးသားမှာ ခြေရာထင်အောင် နားပီး လှည့်မကြည့်တမ်း ပျံပြေးတတ်တဲ့ အညိုရောင် လိပ်ပြာတစ်ကောင်ကို တွေ့ခဲ့ပါတယ် ကင်မ်ရယ်"🦋
"သူ႔ကို က်ေနာ္ ေတြ႕တာ ပဲရစ္ၿမိဳ႕ရဲ႕ လမ္းမ တစ္ခုေပၚမွာပါ
အဲ့တုန္းကတည္းက သူ႔မ်က္ဝန္းမွာ ခိုေအာင္းေနတဲ့ အညိဳေရာင္ေတြကို ကြၽန္ေတာ္ သတိထားမိခဲ့ပါတယ္။
လိပ္ျပာ ... လိုပဲ
တကယ္ပါ၊ သူက ... အညိဳေရာင္ အဆင္းနဲ႔ လိပ္ျပာလို လူတစ္ေယာက္ေပါ့ ။ ဒါဟာ သူ႔ကို စျမင္ျမင္ခ်င္းမွာပဲ ကြၽန္ေတာ့္စိတ္ထဲ ေတြးမိလိုက္တဲ့ အေတြးပါ။ညိဳပီး မႈန္ေနတဲ့ မ်က္ဝန္းေတြ ၊ ခပ္အုပ္အုပ္ ဆံႏြယ္ေခြကေလးေတြက မ်က္ေတာင္ဖ်ားေတြကို ထိတခ်က္ လြင့္တခ်က္ ၊ ေဖ်ာ့ေတာ့ မႈိင္းညိဳ႕ေနတဲ့ အဆင္းနဲ႔ အညိဳရင့္ေရာင္ ကုတ္အက်ႌ တစ္ထည္ထဲမွာ ဝင္ပုန္းေနတဲ့ လိပ္ျပာလို အသြင္သ႑ာန္ ရွိတဲ့ လူတစ္ေယာက္ပါပဲ။ မဟုတ္ဘူးလား။ ကြၽန္ေတာ္ကေတာ့ အဲ့လိုပဲ ထင္ခဲ့တာပါ ။ ( ကြၽန္ေတာ့္အထင္ဟာ တစက္ေလးမွ လြဲမွားမႈမရွိခဲ့ဘူးဆိုတာကိုေတာ့ ေနာက္မ်ားမွာ စိတ္ဝိညာဥ္တစ္ခုလုံးနဲ႔ ရင္းပီး သိခြင့္ရလိုက္ပါတယ္ )
သိပ္မႈန္တဲ့ မ်က္ဝန္းေတြကို ေငးၾကည့္မိခ်ိန္တိုင္းမွာ ကြၽန္ေတာ္ဟာ ကိုယ့္နည္းကိုယ့္ဟန္နဲ႔ တိတ္တဆိတ္ လြင့္ေမ်ာခဲ့ရေသးတယ္။
ထပ္ပီး ဘယ္လို ေျပာျပရအုံးမလဲ သူ႔ပုံစံက ... အင္း .. သိပ္ၿပီး သေဘာက်ဖို႔ေကာင္းေနပါတယ္။ အဲ့ဒီထက္လည္း ပိုခ်င္ ပိုေနအုံးမယ္ ။
" ျဖဴေနတဲ့ အခန္းမွာ မင္း ဘာေတြ႕လဲ ဟာ႐ူ "
" ကြၽန္ေတာ္ ဘာကို ေတြ႕ဖို႔လိုမလဲ ကင္မ္ "
" မင္း စိတ္ထဲ ရွိရာ ေတြ႕လို႔ရပါတယ္ ... "
"ဒါဆို .... "
"အင္း .."
" က်ေနာ္ ... လိပ္ျပာတစ္ေကာင္ ေတြ႕ပါတယ္ "
အဲ့တုန္းက ကြၽန္ေတာ့္ အေျဖဟာ လုံးဝဥႆႆုံ မမွားခဲ့ေပမယ့္ လိုအပ္ခ်က္ေတြ အင္မတန္ ရွိခဲ့ပါရဲ႕ ။
တကယ္ဆို ကြၽန္ေတာ္ ဒီလို ေျဖခဲ့ဖို႔ သင့္တယ္။
( ႀကိဳမ်ား သိခဲ့ရင္ေပါ့ေလ )"ကြၽန္ေတာ္ ... လိပ္ျပာတစ္ေကာင္ ေတြ႕ပါတယ္
ႏွလုံးသားမွာ ေျခရာထင္ေအာင္ နားပီး လွည့္မၾကည့္တမ္း ပ်ံေျပးတတ္တဲ့ အညိဳေရာင္ လိပ္ျပာတစ္ေကာင္ကို ေတြ႕ခဲ့ပါတယ္ ကင္မ္ရယ္"🦋
"