Part 1 [Zawgyi]

55 2 0
                                    

ZAWGYI,

"ငါ*ိုးမသားရဲ့မင်းပထွေးကရန်မဖြစ်ချင်လို့စောက်စကားကိုပြေလည်အောင်ပြောနေတာကိုမင်းကလီးလာရှည်နေတာလား ဟမ် ရော့ကွာ"

သူတို့အဖွဲ့အားရန်လာစသောလူတစ်ရောက်အား
တက်ခွကာထိုးနေသော ကြွေရန်ခိုက်
ကြွေရန်ခိုက်လက်ချက်ဖြင့်‌စုတ်ပြတ်နေသောအောက်ကလူဒီထက်မခံရဖို့အရေး ဝင်ဆွဲနေရပါသော တိမ်တိုက်မာန်ဆိုသောကောင်လေး

"ကိုခိုက်ရယ် တော်ပါတော့အောက်ကလူသေတော့မယ်"

"ဖယ်စမ်းပါကွာ ဒီကောင်အားး"

ဘေးကထက်ဖြိုးဝေယံနှင့် ကြွေလင်းထိုက်ကပါ ခိုက်ကိုဝင်ဆွဲနေသောကြောင့် ခိုက်တစ်ရောက်ထိုသူအား ဆက်မထိုးရသောကြောင့် လင်းထက်တို့နှစ်ရောက်အားအော်ပစ်လိုက်ခြင်းဖြစ်သည်

ခိုက်ဆိုသည်မှာထိုကဲ့သို့စိတ်ဆတ်သူတစ်ဦးပင်
အေးဆေးနေတတ်သလို ဒေါသထွက်လျှင်လည်းမျက်စိထဲဘာမှမမြင်တော့သည့်လောက်အောင်ဆိုးဝါးစွာပြုမှုတတ်သူတစ်ဦး

ခိုက်တို့ရန်ဖြစ်ရသည့်အကြောင်းမှာ
အရင်တစ်ပတ်လောက်ကစတင်ခဲ့သည့်ကိစ္စကြောင့်ပင်ဖြစ်သည်
ခိုက်တို့အုပ်စုဘောလုံးကြလေရာ မတော်တဆထိမိသွားတာကနေစခဲ့သောပြဿနာပင်ဖြစ်သည်
ခိုက်တို့ကြောင့်ဘောလုံးထိသွားသောအကိုကို့ ခိုက်တို့တောင်းပန်ပီးပီဖြစ်သည် ထိုအကိုသည်လည်းဘာမှမဖြစ်ကြောင်း ဆော့ရင်းမတော်တဆခိုက်မိတာပဲဆိုပီးအေးဆေးပင်ဖြစ်သည် အဲ့တာကို
ရပ်ကွက်ထဲ၌အာချောင်နေကြဘဲကြီးက ဘာမဟုတ်တဲ့ကိစ္စလေးကိုဇယျာချဲ့နေတာ မပီးလေတော့ ခိုက်လည်းအစကတော့သည်းခံပါသေးသည် အခုဟာကမဆိုင်သည့်အငယ်တွေပါဆွဲထည့်လာသောကြောင့် ခိုက်အူချဉ်ပေါက်လာကာဆွဲထိုးမိခြင်းပင် ရပ်ကွက်ရုံးရောက်မယ့်အတူတူတော့မထူးဘူးဆိုပီးကစ်ထည့်လိုက်တာ အဲ့လူကြီးတော်တော်တော့နှာနှပ်ယူရမည်ဆိုတာတော့ခိုက်အာမခံပါသည်

ထိုနောက်ခိုက်တို့အုပ်စုရပ်ကွက်ရုံးသို့တန်းတန်းမတ်မတ်ကြီးရောက်သွားလေတော့သည်

"ကဲ သက်ကျော်မျက်နှာကြီးလည်းဖူးယောင်လို့ ဘာပြဿနာတက်လာပြန်ပီတုန်း
မင်းနဲ့လည်းရုံးရောက်တိုင်းဒဏ်ရာဒဏ်ချက်နဲ့ချည်းပဲ ကဲဘာဖြစ်လာပြန်ပီလဲ"

ပိုင်ဆိုင်သောခန္ဓာ မသက်ဆိုင်သောမေတ္တာWhere stories live. Discover now