ပြောင်းလဲသွားတဲ့ မင်းရဲ့အကြောင်းပေါ့ကွာ

1 0 0
                                    

လွန်ခဲ့လအနည်းငယ်က
ကောင်လေးတစ်ယောက်ကို သတိထားမိခဲ့တယ်
ကိုတို့နှစ်ယောက်ဟာ အကြိုက်လည်းတူတယ်
အတွေးအခေါ်အယူအဆတွေလည်း
တူညီလို့နီးပါး ရှိခဲ့ကြတယ်။
နှစ်ယောက်စလုံးလည်း ပျော်ခဲ့ကြတယ်။

အဲ့ဒီကောင်‌ေလးကလေ
ကို့အပေါ်ဘယ်လောက်အထိမြတ်နိုးကြောင်း ပြောပြတယ် ။
ပျော်ရွှင်ခြင်းနဲ့ ဝမ်းနည်းခြင်းတွေ မျှဝေခံစားကြတယ်။
ချစ်ခြင်းမေတ္တာက ဘယ်လောက်အထိလေးနက်ကြောင်း သိခဲ့ရတယ်။
ကို့ကိုလေ မင်းက ထွက်မသွားဖို့ တဖွဖွ တောင်းဆိုခဲ့တယ်။
မင်းကလွဲပြီး တခြားဘယ်သူမှမရှိတဲ့ကိုက အခုထိ ပြောင်းလဲခြင်းမရှိပဲ ချစ်ရပါတယ်။

ဖြစ်နိုင်ရင် အစကပြန်ပြီးသိကျွမ်းချင်တယ်။
အစကပြန်ပြီး သိလည်းကိုဟာမင်းကိုထပ်တလဲလဲရွေးနေမိမှာပဲ။
ကိုစိတ်ကွက်မှာတောင် ကြောက်တဲ့ကောင်လေးကလေ အခုတော့ ချစ်တယ် လို့ပြောဖို့တောင်ဝန်လေးနေရှာတယ်။

အရာရာဟာမင်းသဘောပါဆိုသူက အခုတော့ ချစ်ခြင်းမေတ္တာတွေက အရေးမကြီးဘူးဖြစ်လာပြီ။

စိတ်ကောက်ရင် အကြောင်းအရင်းဖြစ်စဉ်ကအစ စိတ်ရှည်"နဲ့ ရှင်းပြတတ်တဲ့ ကောင်လေးက အခုတော့ ကို့သာစကားစမပြောရင် သွေးအေးတတ်လာပြီ။

တို့နှစ်ယောက်ရဲ့ conversationတွေက တဖြည်းဖြည်းအေးစက်လာပြီ။ တခြားတစ်ယောက်ကို လစ်လျှူရှုပြီး မင်းကို ရွေးချယ်တဲ့ကို့ကို ကြိုတောင်မကြိုဆိုဘူး။

မနက်အိပ်ရာထတာကစ အိပ်ချိန်အထိ တနေ့လုံးလုပ်ခဲ့သမျှကို မင်းကိုပြောပြချင်ပေမဲ့ မင်းဆီကလာတဲ့ responseတွေကို မခံစားနိုင်ဘူး ။

တဖြည်းဖြည်းနဲ့‌စိမ်းသွားကြတယ်။
တဖြည်းဖြည်းနဲ့ အေးစက်လာတယ်
ဒါတွေကို ဘယ်လိုလစ်လျူရှုရမလဲ
မင်းက ကို့ကို "ဘာများလုပ်မိလို့လဲ" လို့မေးတယ်နော်
မင်းအမြဲမှန်ပါတယ်အချစ်ရယ်
ဒါတွေအားလုံးက ကိုကိုယ်တိုင်မျှော်လင့်ထားခဲ့တာတွေမလို့ ကိုပဲမှားတာပါ

You've reached the end of published parts.

⏰ Last updated: Feb 03, 2022 ⏰

Add this story to your Library to get notified about new parts!

'ကိုရဲ့ပျော်ရွှင်ခြင်းလေး သိစေဖို့'Where stories live. Discover now