လွန်ခဲ့လအနည်းငယ်က
ကောင်လေးတစ်ယောက်ကို သတိထားမိခဲ့တယ်
ကိုတို့နှစ်ယောက်ဟာ အကြိုက်လည်းတူတယ်
အတွေးအခေါ်အယူအဆတွေလည်း
တူညီလို့နီးပါး ရှိခဲ့ကြတယ်။
နှစ်ယောက်စလုံးလည်း ပျော်ခဲ့ကြတယ်။အဲ့ဒီကောင်ေလးကလေ
ကို့အပေါ်ဘယ်လောက်အထိမြတ်နိုးကြောင်း ပြောပြတယ် ။
ပျော်ရွှင်ခြင်းနဲ့ ဝမ်းနည်းခြင်းတွေ မျှဝေခံစားကြတယ်။
ချစ်ခြင်းမေတ္တာက ဘယ်လောက်အထိလေးနက်ကြောင်း သိခဲ့ရတယ်။
ကို့ကိုလေ မင်းက ထွက်မသွားဖို့ တဖွဖွ တောင်းဆိုခဲ့တယ်။
မင်းကလွဲပြီး တခြားဘယ်သူမှမရှိတဲ့ကိုက အခုထိ ပြောင်းလဲခြင်းမရှိပဲ ချစ်ရပါတယ်။ဖြစ်နိုင်ရင် အစကပြန်ပြီးသိကျွမ်းချင်တယ်။
အစကပြန်ပြီး သိလည်းကိုဟာမင်းကိုထပ်တလဲလဲရွေးနေမိမှာပဲ။
ကိုစိတ်ကွက်မှာတောင် ကြောက်တဲ့ကောင်လေးကလေ အခုတော့ ချစ်တယ် လို့ပြောဖို့တောင်ဝန်လေးနေရှာတယ်။အရာရာဟာမင်းသဘောပါဆိုသူက အခုတော့ ချစ်ခြင်းမေတ္တာတွေက အရေးမကြီးဘူးဖြစ်လာပြီ။
စိတ်ကောက်ရင် အကြောင်းအရင်းဖြစ်စဉ်ကအစ စိတ်ရှည်"နဲ့ ရှင်းပြတတ်တဲ့ ကောင်လေးက အခုတော့ ကို့သာစကားစမပြောရင် သွေးအေးတတ်လာပြီ။
တို့နှစ်ယောက်ရဲ့ conversationတွေက တဖြည်းဖြည်းအေးစက်လာပြီ။ တခြားတစ်ယောက်ကို လစ်လျှူရှုပြီး မင်းကို ရွေးချယ်တဲ့ကို့ကို ကြိုတောင်မကြိုဆိုဘူး။
မနက်အိပ်ရာထတာကစ အိပ်ချိန်အထိ တနေ့လုံးလုပ်ခဲ့သမျှကို မင်းကိုပြောပြချင်ပေမဲ့ မင်းဆီကလာတဲ့ responseတွေကို မခံစားနိုင်ဘူး ။
တဖြည်းဖြည်းနဲ့စိမ်းသွားကြတယ်။
တဖြည်းဖြည်းနဲ့ အေးစက်လာတယ်
ဒါတွေကို ဘယ်လိုလစ်လျူရှုရမလဲ
မင်းက ကို့ကို "ဘာများလုပ်မိလို့လဲ" လို့မေးတယ်နော်
မင်းအမြဲမှန်ပါတယ်အချစ်ရယ်
ဒါတွေအားလုံးက ကိုကိုယ်တိုင်မျှော်လင့်ထားခဲ့တာတွေမလို့ ကိုပဲမှားတာပါ
YOU ARE READING
'ကိုရဲ့ပျော်ရွှင်ခြင်းလေး သိစေဖို့'
Randomမင်းအကြောင်း ပက်သက်လို့တွေးမိတိုင်း စာတစ်ပုဒ်ရေးမယ်။