« Spring Day »

1.4K 124 8
                                    

Unicode

2011. July . 18
2011718

ဒီနေ့လေးဟာ Lisa ‌အတွက် ကျောင်း အသစ်ကို ပြောင်းရမဲ့နေ့လေးပင်

အောက် ထပ် အကျီ အဖြူလေးကို မှင်ရောင်ရှိသော စကပ် ထဲထည့်ဝတ်ကာ သပ်သပ်ရပ်ရပ် နဲ့ မှန်ထဲကြည့်မိသည်။
အပေါ်ထပ် ကျောင်း အကျီ အသစ်လေး ကို ဝတ်ကြည့်တော့ အလွန်ပင် ကြည့်ကောင်းသည်ဟု ထင်ရသည်။

"သမီးရေ ကျောင်းနောက်ကျတော့မယ်နော် "

မီးဖိုချောင်ထဲရှိ အမေ့ ရဲ့ အော်သံလေးကိုကြားမိတော့

"nae အခုဘဲ လာပြီ "

ကုတင်ပေါ် တင်ထားသော လွယ်အိတ်လေးကိုကောက်ယူကာ
မနက်စာပြင်ပေးထားသော မီးဖိုချောင်ခန်း လေးကိုသွားမိသည်။

"အမေ့ သမီးအခု အထက်တန်း ဒုတိယနှစ် တက်ရတော့မှာပေါ့နော်"

"ဒါပေါ့ ကျောင်းမှာ စာကြိုးစားပြီး သူငယ်ချင်းအသစ်တွေနဲ့ ရင်းရင်းနှီးနှီး နေနော် "

"nae"

15 နှစ်အရွယ် လေးသာ ရှ်ိသော သမီး ဖြစ်သူရဲ့ လက်ကလေးကို ဆွဲကာ
နာမည်ကြီး ကျောင်းဖြစ်သော Danwon (ဒန်ဝမ်း) ‌ကျောင်း သို့ သမီးလေးအတွက် ကျောင်းသွားအပ်ဖြစ်ခဲ့သည်။

...

"သမီးလေး နှုတ်ဆက်လိုက်လေ "

"မဂ်လာပါ lalisa manoban လို့ခေါ်ပါတယ် ပါ "

Lisa နှုတ်ဆက်တော့ တစ်တန်းလုံးရဲ့ ကျောင်းသူကျောင်းသားအကြည့်တွေဟာ lisa စီမှာဘဲ
ဟုတ်ရင်ဟုတ်လောက်မှာပေါ့
ထိုင်း ကိုရီယား ကပြား သွေးစပ်လေး မို့လို့ ထူးဆန်းနေမှာ အသေအချာ ပြီးတော့ အခြားသော မိန်းခလေးတွေနဲ့ မတူပါဘဲ အနည်းငယ် ရှည်ထွက်နေသော အရပ်ကြောင့်လည်း ဖြစ်မှာပါ။

"သမီးလေး ဟိုဘက်က လွတ်တဲ့ နေရာလေးမှာ သွားထိုင်လို့ရတယ် သမီး "

ဆရာမ ပြောပြသော နေရာသို့ သွား တော့
ပါးဖောင်းဖောင်း လေးနဲ့ ကောင်မလေးတစ်ယောက်ကိုတွေ့ရသည်။
ထိုကောင်မလေးကတော့ lisa ကို ထူးဆန်းသလို အံ့ဩ သလိုမျက်လုံး များနှင့် ကြည့်နေသည်။
Lisa လည်း သူမ ဘေးနားကနေရာလေးမှာဝင်ထိုင်လိုက်တော့

«Spring Day» One ShortWhere stories live. Discover now