"hey. ရှန်တ ရှန်ရှန်လေးရေ ခဏနေပါဦး"အနောက်မှအမောတကော ပုလင်းဖင်လောက်ရှိသော မျက်မှန်ကြီးအား ပင့်ကာပင့်ကာဖြင့် ပြေးလိုက်လာသော သူ၏သူငယ်ချင်းမလေးကြောင့် ရှန်တရှေ့သို့ဆက်မသွားဘဲ ရပ်စောင့်နေလိုက်သည်။
"ဖြေးဖြေးလာပါ ပိုးပိုးရယ် ချော်တွေလဲနေပါ့မယ်"
စကားတောင်သူမ မှာ တန်းမပြောနိုင် ဟောဟဲဆိုက်နေလေ၏။
"ဟီးးငါကငါ့bffလေးတွေ့တော့ အဆင်များပြေရဲ့လား ငါကျောင်းမလာတဲ့ ၂ရက်အတွင်း ဘယ်သူတွေကများ ဘာတွေလုပ်လဲ စိတ်ပူလွန်ပြီး မေးချင်ဇောအားကြီးသွားလို့"
အောက်သို့လျှောကျခံနီးသော ပါဝါတွေရာကျော်ရှိသည့် မျက်မှန်အထူကြီးအား လက်ဖြင့်ပင့်ကာ သွားတွေအကုန်ပြ၍ ရယ်လျက်ဖြေလာသောသူမလေးခေါင်းအား ဖွဖွပုတ်လိုက်သည်။
ပိုးသားလွှာ ဆိုသော သူမလေးက ရှန်တသတ်မှတ်ထားေသာတစ်ဦးတည်းသော သူငယ်ချင်းလေး။
State ကျောင်းမှာတည်းက ယခု second yearထိ သူမတစ်ယောက်တည်းကိုသာ သူငယ်ချင်းအဖြစ် သတ်မှတ်ထားသည်။ကျန်တာတွေက အပေါ်ယံရေပေါ်ဆီတွေလေ...
"ငါကဘာမှမဖြစ်ဘူး ကိုလေးကတောင် ညနေအပြန်တွေ လာကြိုသေး နင်မလာတဲ့ရက်တွေမှ haha!စိတ်မကောင်းဘူး ပိုးပိုးမရယ် နင်ကိုလေးကိုတွေ့ချင်နေတာ ဒီလိုလွဲသွားရတယ်လို့"
ရယ်လျက်ပြောနေသော ရှန်တအားမျက်စောင်းကြီးထိုးကာ ကျောအား မနာအောင် ပိုးသားရိုက်ထည့်လိုက်သည်။
"ပျော်နေ ပျော်နေ ဟွန့်ငါမလာတဲ့ရက်မှ ကိုလေးကလည်း လာရတယ်လို့"
ဘဲနှုတ်သီးလို နှုတ်ခမ်းကြီးအား ထော်ကာ တပျစ်တောက်တောက်ပြောနေသော ပိုးပိုးအားကြည့်ကာ
ရှန်တကတော့ အော်ရယ်နေလျက်။ပိုးပိုးလို စိတ်ထားကောင်းသူလေးကို ဘာကြောင့်ကျောင်းကလူတွေ မပေါင်းကြလဲ ရှန်တစဉ်းစားမရပါ။ သူ့ရဲ့ပုံပန်းကြောင့်လို့တော့ ရှန်တကို မပြောနဲ့
ပုလင်းဖင်မျက်မှန်ကြီးရယ် ခန္ဓာကိုယ်ထက် အဆပေါင်းများစွာ ကြီးတဲ့ ဆွယ်တာပွပွကြီးတွေရယ်ကို စကပ်ဖားဖားရှည်ရှည်ကြီးတွေနဲ့ မထော်မနှမ်းဝတ်တတ်တာက ဘာများပြဿနာဖြစ်နေလို့လဲ။